Homeသတင်းဘီးလင်း ဝင်းကရဲနှင့် တောင်စွန်းရဲခစန်း တိုက်ခိုက်ခံရ

ဘီးလင်း ဝင်းကရဲနှင့် တောင်စွန်းရဲခစန်း တိုက်ခိုက်ခံရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကရဲစခန်းနှင့် တောင်စွန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၊ ဝင်းကရဲစခန်းကို မေ ၆ ရက်နေ့ နေ့လည် ၂ နာရီခွဲဝန်းကျင်းအချိန်ခန့်က ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-KD၊ PDF၊ KRF၊ TPDF၊ ကျိုက်ထို(ပကဖ) နှင့် ဘီးလင်း(ပကဖ) ပူးပေါင်းတပ်ဖွဲ့တို့က ၂၆ မိနစ်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦး သေဆုံးသွားသည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုဘက်က ထုတ်ပြန်ထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

“ရဲစခန်းတိုက်ခိုက်ခံရတာကတော့ ဟုတ်တယ်။ ထိခိုက်သေဆုံးတာ ရှိ မရှိကတော့ စခန်းမှာဆိုတော့ ကျွန်တော်တို့လည်း မသိနိုင်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်စွန်းနယ်မြေရဲစခန်းကိုလည်း နေ့လည် ၂ နာရီ ၄၆ မိနစ်အချိန်ခန့်က ဒရုန်ဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း က်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

တောင်စွန်းနယ်မြေရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိ မရှိကိုတော့ အတိအကျ မသိရသေးဘူးလို့လည်း ထုတ်ပြန်ထားသည်။

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံရလေ့ရှိသည့်အပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးမှူးရုံးများ၊ ရဲစခန်းများလည်း မကြာခဏတိုက်ခိုက်ခံရလေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts