Homeသတင်းဝယ်လိုအားမြင့်တက်နေသည့်အတွက် မွန်ပြည်နယ်ထွက် မတ်ပဲ ဈေးကောင်းရနေ

ဝယ်လိုအားမြင့်တက်နေသည့်အတွက် မွန်ပြည်နယ်ထွက် မတ်ပဲ ဈေးကောင်းရနေ

-

အိန္ဒိယနိုင်ငံမှ ဝယ်လိုအားမြင့်တက်နေသည့်အတွက် မွန်ပြည်နယ်ထွက် မတ်ပဲ ဈေးကောင်းရနေကြောင်း ပဲနှမ်းလုပ်ငန်းရှင်များထံမှ သိရသည်။

ဇန်နဝါရီလအတွင်းက မတ်ပဲ ၂၀ ပိဿာ တစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဝန်းကျင်သာ ဈေးရရှိနေခဲ့ရာမှ မေလဆန်းပိုင်းတွင် မတ်ပဲ ၂၀ ပိဿာ တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်လာခဲ့ကြောင်း သိရသည်။

ထိုအခြေအနေအပြင် ပြည်တွင်း၌လည်း မတ်ပဲလက်ကျန်နည်းပါးလာပြီးဖြစ်သည့်အတွက် ဈေးကောင်းရသည့် သဘောမျိုးဖြစ်ကြောင်း ပဲနှမ်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“လက်ရှိ အိန္ဒိယမှာ ရာသီဥတုအခြေအနေကြောင့် မတ်ပဲလိုအပ်ချက်တွေမြင့်သွားတယ်လို့ သိရတယ်။ သူတို့မှာလိုအပ်ချက်တွေရှိလာရင် ကျွန်တော်တို့ဆီကနေ ပို့ပေးရတဲ့သဘောမျိုးရှိတော့ ဈေးကောင်းရတဲ့သဘောပါပဲ” ဟု ၎င်းက ဆက်ပြောသည်။

မတ်ပဲဈေးကောင်းနေသော်လည်း တောင်သူများထံတွင် ပဲလက်ကျန်မရှိတော့သည့်အတွက် အကျိုးမရှိဖြစ်နေကြောင်း ပဲစိုက်တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။

“အခုအချိန်က ဆောင်းသီးနှံစိုက်ပျိုးပြီးလို့၊ ရိတ်သိမ်းလို့ ကုန်ပြီလေ။ သီးနှံတွေကလည်း တောင်သူတွေရဲ့လက်ထဲမှာ မရှိတော့ဘူး။ ကုန်သည်တွေဆီမှပဲရှိတော့တာ။ အခုဈေးကောင်းရတော့ ကုန်သည်တွေပဲရကြတာပါ” ဟု ပေါင်မြို့နယ်မှ ပဲနှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း၌ ဆောင်းသီးနှံများဖြစ်သည် ပဲနှမ်းများကို ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်နှင့် မုဒုံအစရှိသည့် မြို့နယ်တို့တွင် အဓိကစိုက်ပျိုးကြသည်ဟု သိရသည်။။

မွန်ပြည်နယ်ထွက် မတ်ပဲများကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့ ရောင်းချနေပြီး နီပေါ၊ ပါကစ္စတန်နိုင်ငံသို့လည်း တင်ပို့နေကြောင်း ပဲ၊ နှမ်းလုပ်ငန်းရှင်တို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts