Homeသတင်းမွန်တွင် ကိုဗစ်အတည်ပြုလူနာ ၄၀ ကျော် တွေ့ရှိထား

မွန်တွင် ကိုဗစ်အတည်ပြုလူနာ ၄၀ ကျော် တွေ့ရှိထား

-

မွန်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်နေ့မှ မေ ၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄၁  ဦး တွေ့ရှိခဲ့သည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

မြို့နယ်အလိုက်စာရင်းအရ ချောင်းဆုံမြို့နယ်တွင် ၁၃ ဦး၊ မော်လမြိုင်မြို့နယ်တွင် ၈ ဦး၊ ပေါင်မြို့နယ်တွင် ၇ ဦး၊ မုဒုံမြို့နယ်တွင် ၆ ဦး၊ ကျိုက်ထိုမြို့နယ်တွင် ၃ ဦး၊ သံဖြူဇရပ်မြို့နယ်တွင် ၃ ဦးနှင့် ကျိုက်မရောမြို့နယ်တွင် ၁ ဦး စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ ၄၁ ဦး တွေ့ရှိခဲ့သည်။

အတည်ပြုလူနာများကို သက်ဆိုင်ရာမြို့နယ်၏ ကိုဗစ်ကုသဆောင်များသို့ ပိုဆောင်ထားပြီး တစ်ချို့ကို နေအိမ်တွင် သီးခြားထားရှိထားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ လျော့သွားခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဧပြီလနောက်ဆုံးအပတ်မှစပြီး ရောဂါကူးစက်ခံရသူအရေအတွက် ပြန်ပြီးတိုးလာနေသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ထားသည့်အချက်အလက်များအရ ယနေ့အထိ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၃၅,၄၅၂ ဦး ရှိနေပြီး ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၆၁၄,၉၉၈ ဦး ရှိသည်။

ပြည်သူလူထုအနေဖြင့် ကိုဗစ် အားဖြည့် ထပ်ဆောင်းကာကွယ်ဆေး ထိုးကြရန်နှင့် လူစုလူဝေးရှောင်ကြရန် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများ လိုက်နာဆောင်ရွက်ကြရန် ကျန်းမားရေးဌာနက တိုက်တွန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts