spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်

    ဘီးလင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဧပြီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း သိရသည်။

    ဘီးလင်းမြို့နယ် အလုံတောင်ကျေးရွာအနီးတွင် ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်က  စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့သည်။

    ဧပြီ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင်လည်း ဘီးလင်း-သထုံလမ်းပိုင်း၊ ရွှေရောင်ပြကျေးရွာအနီးတွင် အင်အား၂၀ ခန့်ဖြင့် လမ်းကင်းလုံခြုံရေးယူနေသော စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၂ နာရီခန့်ဖြစ်ပွားခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိသွားဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသော်လည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ်ပြန်လည် ပစ်ခတ်ခဲ့သလို  အနီးနားရှိ အမြောက်တပ် ၃၁၄ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။

    ဘီးလင်း-သထုံလမ်းပိုင်းတွင် ဖြစ်ပွာခဲ့သည့်တိုက်ပွဲကြောင့် ကားလမ်းပိုင်း တစ်နာရီကျော်ကြာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံရလေ့ရှိသည့်အပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးမှူးရုံးများ၊ ရဲစခန်းများလည်း မကြာခဏတိုက်ခိုက်ခံရလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks