Homeသတင်းမုဒုံမြို့နယ်တွင် ဆောင်းဘောက်စ်တင်ကားတိုက်မိပြီး ကလေးငယ်တစ်ဦး သေဆုံး

မုဒုံမြို့နယ်တွင် ဆောင်းဘောက်စ်တင်ကားတိုက်မိပြီး ကလေးငယ်တစ်ဦး သေဆုံး

-

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာတွင် ဧပြီလ ၂၉ ရက် နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်က ဆောင်းဘောက်စ်များတင်ဆောင်ထားသည့်ကားတစ်စီးတိုက်မိပြီး အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

စက်ဘီးနင်းလာသည့် အသက် ၁၁ နှစ်အရွယ် မောင်ဝေယံမျိုးဆိုသည့်ကလေးကို ဆောင်းဘောက်စ်များတင်ဆောင်ထားသည့်ကားက အနောက်ဘက်မှဝင်တိုက်မိပြီး ပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ကလေးကို မုဒုံ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့က မုဒုံမြို့နယ်ပြည်သူ့ဆေးရုံကို ပို့တဲ့အချိန်မှာ ဆေးရုံအရောက်မှာပဲ သေဆုံးသွားတာလို့ သိရတယ်” ဟု ဒေသခံတစ်ဦး ပြောသည်။

ကလေးငယ်အား တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားသည့် ဆောင်းဘောက်စ်ကား ယာဉ်မောင်းကို လက်ရှိတွင် သက်ဆိုင်ရာက ဖမ်းဆီးရမိထားပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts