Homeသတင်းပေါင်မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရ

ပေါင်မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရ

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဗြုချောင်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

မေလ ၁ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က ပေါင်မြို့နယ် သဗြုချေင်ကျေးရွာနေ ရင်းငြိမ်ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ဆိုသူနေအိမ်သို့ လက်နက်ကိုင်အချို့ ရောက်ရှိလာပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း ဒေသခံတို့က ပြောသည်။

ယင်းနောက် လက်နက်ကိုင်များမှ ဦးဖိုးချစ်နေအိမ်အခန်းအတွင်းရှိ M – 16 တစ်လက်နှင့် ရိုင်ဖယ်သေနတ်တစ်လက်တို့ကို ယူဆောင်ကာ ပြန်လည်ထွက်သွားခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဦးဖိုးချစ်ကတော့ ထိခိုက်မှုတော့မရှိပေမယ့် သေနတ်နှစ်လက်တော့ပါသွားတယ်လို့ သိရတယ်” ဟု ၎င်းဒေသခံက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် Telegram Channel မှာတော့ အဆိုပါပစ်ခတ်မှုဖြစ်ပွားပြီးနောက် လက်နက်ကိုင်များထံမှ ၄၀ မမ လက်လုပ်သေနတ် တစ်လက်၊ ပုဆိုး တစ်ထည်နှင့် ဖိနပ် တစ်ရံ ကျန်ခဲ့သည့်အတွက် သိမ်းဆည်းရမိခဲ့သည်ဟု

ရေးသားထားသည်။ 

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလကလည်း ပေါင်မြို့နယ် ရင်းငြိမ်တောင်ကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီဆိုသူ လက်ဖက်ရည်ဆိုင်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts