Friday, March 20, 2026
More
    spot_img
    Homeသတင်းသထုံမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၂ ဦးသေ၊ လူကြီး ၂ ဦးဒဏ်ရာရ

    သထုံမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၂ ဦးသေ၊ လူကြီး ၂ ဦးဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ် ကျုံမိန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကလေး ၂ ဦး သေဆုံးပြီး၊ လူကြီးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ကြာပန်းကျေးရွာဘက်မှ လက်နက်ကြီးပစ်ခတ်သံများ ကြားရပြီးနောက် ကြာပန်ကျေးရွာအခြေစိုက် ခြေလျင်တပ်ရင်းမှ ကျေးရွာထဲကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးအချို့သည် ကျုံမိန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်ခြံဝင်းအတွင်းရှိနေသည့် ၁၀ နှစ်အရွယ်နှင့် ၁၂ နှစ်အရွယ်ကလေး ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

    “မနက်ကတော့ ကြာပန်းဘက်မှာ လက်နက်ကြီးသံတွေ အရင်ကြားရတာ၊ မနက်အစောပိုင်းလောက်မှာပေါ့၊ အဲဒါပြီးတော့မှ ကြာပန်းခြေလျင်တပ်က လက်နက်ကြီးတွေနဲ့ တော်လှန်ရေးအင်အားစု လှုပ်ရှားနိုင်တဲ့ ရွာတွေဘက်ကို လှမ်းပစ်တာ၊ အဲမှာ ခြံမှာ ရှိနေတဲ့ ကလေးနှစ်ဦးသေသွားတယ်၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက ဒဏ်ရာရသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးနှင့် အမျိုးသားတို့ကို လွတ်မြောက်နယ်မြေက ဆေးပေးခန်းတစ်ခုတွင် ကုသနေရသည်ဟု သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် သထုံမြိုု့နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်းတို့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၁၀ ဦးကျော်အထိ ရှိလာသည်ဟု ကရင်အမျိုးသားအစည်းအရုံး KUN တပ်မဟာ ၂ ထံမှ သိရသည်။

    အလားတူ ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း ရေးမြို့နယ် အောင်သာယာကျေးရွာထဲ လမိုင်းမြို့အခြေစိုက်အမြောက်တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၇၈ နှစ်အရွယ် အဖွားအိုတစ်ဦး ဗိုက်ပေါက်အူပွင့်ဒဏ်ရာများ ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks