Homeသတင်းမွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၅၇၆၈ ဦးရှိ

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၅၇၆၈ ဦးရှိ

-

၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မွန်ပြည်နယ်တွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၅၇၆၈ ဦးရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ၆၂၂၀ ဦးသည့်အနက် ၅၇၆၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၅၂ ဦး ပျက်ကွက်ခဲ့သည်။

ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာနပေါင်း ၂၃ ခု ဖွင့်လှစ်ထားပြီး ပြည်နယ်ပညာရေးမှူးရုံးတာဝန်ရှိသူတို့ထံမှ သိရသည်။

“ယနေ့စတင်ကျင်းပပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ စာရင်းပေးသွင်းထားတဲ့ ကျောင်းသား/သူပေါင်း ၆၂၂၀ ဦးတဲ့အထဲက ၅၇၆၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပါတယ်၊ ရာခိုင်နှုန်းအားဖြင့် ၉၂.၇၃ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ပါတယ်” ဟု မွန်ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘာသာရပ်အတွဲလိုက်အားဖြင့် အတွဲ (၁) ဖြေဆိုသူပေါင်း (၄၀၁၃) ဦး၊ အတွဲ (၂) ဖြေဆိုသူပေါင်း (၆၅၆) ဦး၊ အတွဲ (၅) ဖြေဆိုသူ (၅) ဦး၊ အတွဲ (၇) ဖြေဆိုသူပေါင်း (၁၅၄၅) ဦး နှင့် အတွဲ (၈) ဖြေဆိုသူ (၁) ဦးရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား/သူများ အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများက လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဟု ပညာရေးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၁၁၀၀၀ ကျော်ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts