Homeသတင်းဘုန်းကြီးစီးနင်းလိုက်ပါလာသည့်ကားတွင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ဘုန်းကြီးစီးနင်းလိုက်ပါလာသည့်ကားတွင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဘုန်းကြီးတစ်ပါး၊ အမျိုးသားတစ်ဦးနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

သထုံမြို့နယ် မော်လမြိုင်-ကျိုက်ထိုကားလမ်းတွင် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဝင်းဇော် မောင်းနှင်ပြီး ဇော်လွင်ဦး (ခ) ဥူးတေဇောဘာသ လိုက်ပါလာသည့်ကားအား စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က သတင်းအရ ရပ်တန့်စစ်ဆေးခဲ့ရာမှ လက်နက်များ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် လက်နက်များတွင် MK – 12 သေနတ် (၂) လက်၊ M – 4 ကာဘိုင်(၂) လက်၊ M – 16 သေနတ် (၁) လက်၊ ပွိုင့် – ၃၈၀ ရိုင်ဖယ် (၁) လက်၊ AK – 47 သေနတ် (၁) လက်၊ Glock ပစ္စတို (၁၀) လက်၊ Sig Sauer ပစ္စတို (၃) လက်၊ ကျည်မျိုးစုံ (၃၉၈၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၄၆) ခု၊ ရီမုခလုတ် (၄၉) ခုတို့ပါဝင်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဝင်းဇော်နှင့် ဇော်လွင်ဦး (ခ) ဥူးတေဇောဘာသတို့၏ ထွက်ဆိုချက်အရ CRPH နှင့် NUG တို့မှ KNU တပ်မဟာ (၆) ထံ ဝယ်ယူခဲ့သည့် လက်နက်ခဲယမ်းများအား စစ်ကိုင်းတိုင်းဒေသကြီး၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်းရှိ PDF များထံ အခကြေးငွေရယူ၍ ပို့ဆောင်ပေးခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဝင်းဇော်နှင့် ဇော်လွင်ဦး (ခ) ဥူးတေဇောဘာသ တို့နှစ်ဦးအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ဆိုထားသည်။

ပြီခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း သထုံမြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စီးနင်းလာသည့်အိမ်စီးကားပေါ်တွင်  သေနတ် ၅ လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်လည်း ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts