Homeသတင်းကန်ချနဘူရီတွင် မြန်မာနိုင်ငံသား ၃၀ ဦး ဖမ်းဆီးခံရ

ကန်ချနဘူရီတွင် မြန်မာနိုင်ငံသား ၃၀ ဦး ဖမ်းဆီးခံရ

-

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင်လမ်းကြောင်းများမှတဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၀ ဦး ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနတို့၏ ဖေါ်ပြချက်များအရ သိရသည်။

ထိုင်းနိုင်ငံသားမောင်းနှင်ပြီး မြန်မာအလုပ်သမား အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၈ ဦးတို့လိုက်ပါလာသည့် မော်တော်ယာဉ်ကို ထိုင်းစစ်တပ်စစ်ဆေးရေးဂိတ်အား ဖြတ်သန်းမောင်းနှင်လာစဉ် ရပ်တန့်ရှာဖွေခံရန် အချက်ပြသော်လည်း ရပ်တန့်ခြင်းမရှိပဲ မောင်းနှင်ထွက်ပြေးသွားသည့်အတွက် ထိုင်းစစ်တပ်နှင့် အမြန်လမ်း ရဲတပ်ဖွဲ့တို့မှ လိုက်လံဖမ်းဆီးခဲ့ရာ စစ်ဆေးရေးဂိတ်နှင့် ကီလိုမီတာ ၂၀ ခန့်၊ ကန်ချနာဘူရီခရိုင် စိုင်ယွတ်ဒေသတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများသည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ဒေသမှဖြစ်ကြကြောင်းနှင့် ၎င်းတို့သည် စမွတ်စခွန်၊ ရယောင်၊ ကန်ချနဘူရီနှင့် ဘန်ကောက်တို့တွင် အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းတွေမှာ ဖေါ်ပြထားသည်။

ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများသည် ပွဲစားကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ပေးခဲ့ရသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများအား သက်ဆိုင်ရာမှ Covid ရောဂါ ရှိ/မရှိ စစ်ဆေးပြီးနောက် ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts