Homeသတင်းကျိုက်ထိုတွင် ကျပ်သိန်း ၃၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကျိုက်ထိုတွင် ကျပ်သိန်း ၃၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျပ်သိန်း ၃၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲအသုံးချမှုထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့နယ် မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဥ် ရန်ကုန်မြို့ဘက်မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မော်တော် ယာဉ်တစ်စီအား ရပ်တန့်စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်သည်။

ခရီးသည်တင်မော်တော်ယာဉ်ပေါ် လိုက်ပါလာသည့် အသက် ၄၀ နှစ်ရှိ ခရီးသည် မ၀င်းယုမော်၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၆၀၀၀ ပြား၊ ဒေသကာလပေါက်ဈေး တန်ဖိုးကျပ်သိန်း ၃၇၂၀ ရှိသည်ဟု ထုတ်ပြန်ထားသည်။

မ၀င်းယုမော်အား ကျိုက်ထိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးအလွဲအသုံးချမှုထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts