Homeသတင်းမွန်ပြည်နယ်တွင် နိုင်ငံရေးအကျဥ်းသား ၅၂ ဦး ပြန်လွတ်

မွန်ပြည်နယ်တွင် နိုင်ငံရေးအကျဥ်းသား ၅၂ ဦး ပြန်လွတ်

-

မွန်ပြည်နယ်အတွင်းက စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် အကျဥ်းသားများထဲတွင် နိုင်ငံရေးအကျဥ်းသား ၅၂ ဦး ပါဝင်ကြောင်း သိရသည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသား ၅၂ ဦးတွင် မွန်ပြည်နယ်လွှတ်တော် ဥက္ကဌဟောင်း ဒေါ်တင်အိ၏သားလည်း ပါဝင်သည်ဟု မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။

“မနေ့က ပြန်လွှတ်တဲ့အထဲမှာ အရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ ရဲ့သားဖြစ်တဲ့ ကိုသည်းဟိန်း လည်း လွတ်လာတယ်လို့ သိရတယ်။ လူချင်းတော့ မတွေ့ရသေးဘူး” ဟု ၎င်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသား ၅၂ ဦးတွင် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ ၃၃ ဦးနှင့် သထုံအကျဉ်းထောင်မှ ၁၉ ဦး ပါဝင်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးရှိ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၇၀၁၂ ဦးကို စစ်ကောင်စီက  ပြစ်ဒဏ်များ လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးခဲ့သည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူအနက် မွန်ပြည်နယ်အတွင်းက အကျဥ်းသူ အကျဥ်းသား ၄၁၂ ဦး ပါဝင်လာခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများသည် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာစသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၁၃၃၀၀ ကျော်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၃၄၆၀ ကျော်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts