Homeသတင်းလောင်းလုံရဲစခန်းတွင် အချင်းချင်းပစ်ခတ်မှုဖြစ် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

လောင်းလုံရဲစခန်းတွင် အချင်းချင်းပစ်ခတ်မှုဖြစ် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

-

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့ မြို့မရဲစခန်းတွင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်က လောင်းလုံမြို့မရဲစခန်းအတွင်းမှ သေနတ်သံ ၅ ချက်ခန့် ဆက်တိုက်ကြားရပြီး အော်ဟစ်ဆဲဆိုသံများကြားခဲ့ရကြောင်း လောင်းလုံမြို့ခံတစ်ဦးက ပြောကြားသည်။

“ညက တိတ်ဆိတ်နေတော့ သေနတ်သံကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။ နောက်တော့ အော်ဟစ်ဆဲဆိုရန်ဖြစ်တဲ့အသံတွေက အကျယ်ကြီးကြားနေရတယ်။ သူတို့အချင်းချင်းပဲ ပစ်ခတ်ကြတာလို့ သိရတယ်။ သေဆုံးသူက ရဲလား၊ စစ်သားလားတော့ မသိဘူး” ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် အရေးပေါ်လူနာတင်ယာဉ်တစ်စီးနှင့် Vigo ယာဉ်တစ်စီး ရဲစခန်းမှ ထားဝယ်မြို့ဘက်သို့ အရှိန်ဖြင့် မောင်းနှင်ထွက်သွားကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါ လောင်းလုံမြို့မရဲစခန်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲ စုစုပေါင်း ၃၀ ဝန်းကျင်ခန့်ရှိကြောင်းနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များလည်း ဝင်ထွက်သွားလာမှုများရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts