Homeသတင်းမွန်ဝန်ကြီးချုပ်ဟောင်းကို ဒိုက်ဦးထောင် ပြောင်း‌ရွှေ့

မွန်ဝန်ကြီးချုပ်ဟောင်းကို ဒိုက်ဦးထောင် ပြောင်း‌ရွှေ့

-

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ပဲခူးတိုင်း‌ ဒိုက်ဦးဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။

စစ်ကောင်စီက ဒေါက်တာအေးဇံကို ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် ၂ နှစ်ခန့် ဖမ်းဆီးချုပ်နှောင်ထားပြီးနောက် ဒီဇင်ဘာနောက်ဆုံးအပတ်က ထောင်ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

“ဒိုက်ဦးထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ပဲ သိရတယ်၊ အသေးစိတ်တော့ ဘာမှ မသိရသေးဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ဖမ်းဆီးခဲ့ကာ ပုဒ်မ ၅၀၅ အပါအဝင် ပုဒ်မ ၁၃ ခုဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။

ဒေါက်တာအေးဇံသည် စစ်ကောင်စီက စွဲဆိုထားသည့် ပုဒ်မ ၁၃ ခုမှ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က) အတွက် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၇၁(စ) နှင့် အမှု ၂ မှုအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts