Homeသတင်းကားမြောင်းထဲကျ၍ နယ်ထိန်းရဲတစ်ဦးသေးဆုံး

ကားမြောင်းထဲကျ၍ နယ်ထိန်းရဲတစ်ဦးသေးဆုံး

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မုပွန်ရပ်ကွက် အိုးရုံလမ်း မီးရထားသံလမ်းကူးအနီးရှိ တံတားတွင် ကားအရှိန်လွန်ပြီး ရေမြောင်းထဲပြုတ်ကျ၍ နယ်ထိန်းရဲတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီအချိန်ခန့်က မုပွန်နယ်မြေရဲစခန်း နယ်ထိန်းဒုရဲအုပ် ဝင်းထွန်းပိုင် (၃၈) နှစ် ဆိုသူ မောင်းနှင်လာသည့် ကားသည် အိုးရုံလမ်း မီးရထားသံလမ်းကူးအနီးရှိ တံတားအရောက်တွင် ကားဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ရေအကျယ် ၁၂ ပေ၊ ရေအနက် ၅ ပေခန့်ရှိသော ရေမြောင်းထဲသို့ ပြုတ်ကျသွားခဲ့သည်။

ကား ရေမြောင်းထဲ ပြုတ်ကျသွားသည့်အတွက် ယာဉ်မောင်း ဒုရဲအုပ် ဝင်းထွန်းပိုင် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

“ရေမြောင်းထဲ ကားအရှိန်လွန်ကျသွားတဲ့ ဖြစ်စဉ်မှာ သေဆုံးသွားသူက မုပွန်နယ်မြေရဲစခန်းက နယ်ထိန်း ဒုရဲအုပ် ဝင်းထွန်းပိုင် လို့သိရတယ်။ ကားက ပက်လက်အနေအထားဖြစ်သွားတော့ ကားထဲက ထွက်မရပဲ ရေနစ်သေဆုံးသွားတဲ့ ပုံစံမျိုးပါ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒုရဲအုပ် ဝင်းထွန်းပိုင်၏ ရုပ်အလောင်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် ဆယ်ယူပြီးနောက် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts