Homeသတင်းသံဖြူဇရပ်တွင် ငွေနှင့် ရွှေထည်ဖိုး ကျပ်သိန်း ၁၁၀၀ ကျော် ခိုးယူခံရ

သံဖြူဇရပ်တွင် ငွေနှင့် ရွှေထည်ဖိုး ကျပ်သိန်း ၁၁၀၀ ကျော် ခိုးယူခံရ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မြို့နယ်၊ ကျုံကဒတ်ကျေးရွာတွင် ငွေနှင့် ရွှေထည်တန်ဖိုး ကျပ်သိန်း ၁၁၀၀ ကျော် ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဖြစ်စဥ်မှာ ကျုံကဒတ်ကျေးရွာ ဗန္ဓုလလမ်းရှိ နေအိမ်တစ်အိမ်မှ အမျိုးသမီးက ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ငွေကျပ်သိန်း ၁၁၀ နှင့် ရွှေထည်ပစ္စည်း ၁၅ မျိုး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော်ကို အဝတ်လျှော်ခြင်းထဲထည့် အဝတ်များဖြင့်ဖုံးအုပ်သိမ်းဆည်းပြီး ကားဖြင့် မော်လမြိုင်မြို့သို့ ဈေးဝယ်ထွက်ခဲ့သည်။

ထိုနောက် ည ၆ နာရီအချိန်ခန့်တွင် နေအိမ်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး အဝတ်လျှော်ခြင်းထဲ သိမ်းဆည်းထားခဲ့သည့် ငွေနှင့် ရွှေထည်ပစ္စည်းများ သွားယူရာတွင် ငွေနှင့် ရွှေများ ပျောက်ဆုံးသွားကြောင်း သိခဲ့ရသည်။

“ငွေစက္ကူတန်ဖိုးက ကျပ်သိန်း ၁၁၀၊ ရွှေထည်ပစ္စည်းက (၁၅) မျိုး တန်ဖိုးက ကျပ် ၁၀၂၅ သိန်းခန့် ခိုးယူခံခဲ့ရတာလို့ ကြားသိရပါတယ်။ သက်ဆိုင်ရာကလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်” ဟု သက်ဆိုင်ရာနယ်မြေရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ရွှေ၊ ငွေခိုးခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကျိုက္ခမီနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုက်ကြားထားကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း၌ မြို့ပေါ်တွင်သာမက ကျေးလက်ဒေသတွေမှာလည်း  ခိုးမှု လုယက်မှုများ သိသိသာသာများပြားလာသည်ဟု သိရသည်။

၎င်းပြင် ခြိမ်းခြောက်ငွေတောင်းသည့်ဖြစ်စဥ်များ၊ အနုကြံစည်မှုများနှင့် လုယက်ပြီး လူသတ်သည့်ဖြစ်စဥ်များလည်း မကြာခနဖြစ်ပွားနေသည်။ 

ပြည်နယ်အတွင်းဖြစ်ပွားနေသည့် ခိုးမှု၊ လုယက်မှုနှင့် လူသတ်ပြီးပစ္စည်းလုယက်သည့်ဖြစ်စဥ်အများစုတွင်လည်း ကျူးလွန်သူကို  ဖမ်းဆီးနိုင်ခြင်းမရှိဘူးလို့လည်း ကာယကံရှင်တို့၏ ပြောပြချက်အရ သိရသည်။

ရဲတပ်ဖွဲ့များအနေဖြင့်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သူခိုး ဓားမြ လူသတ်တရားခံတွေကို နှိမ်းနင်းမည့်အစား စစ်ကောင်စီဆန့်ကျင်သူတွေကိုသာ ဖမ်ဆီးနှိမ်နင်းမှု ပြုလုပ်နတာကြောင့် ဒုစရိုက်သမားများ ပိုမိုများပြားလာသည်ဟုလည်း ပြည်သူများအကြား ဝေဖန်ပြောဆိုနေကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts