Homeသတင်းရေးမြို့နယ်တွင် စစ်ကားတစ်စီးကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

ရေးမြို့နယ်တွင် စစ်ကားတစ်စီးကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျောင်းကြိုပို့သည့် ခမရ (၅၉၁) တပ်ရင်းမှ စစ်ကားတစ်စီး တိုက်ခိုက်ခံရကြောင်း သိရသည်။ 

ကျောင်းရွာကျေးရွာထဲ ဝင်လာသည့် ရေးမြို့နယ်အခြေစိုက် ခမရ (၅၉၁) တပ်ရင်းမှ ကျောင်းကြိုပို့စစ်ကားကို ရေးဘီလူးအဖွဲ့က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကားတိုက်ခိုက်ခံရမှုကြောင့် ကားပေါ်ပါ စစ်သား ၂ ဦး သေဆုံးသွားပြီး ကားကိုမောင်းပြေးသွားသည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ ဒီနေ့ ကျောင်းရွာထဲ ဝင်လာတဲ့ စစ်ကားကို ကျွန်တော်တို့ ရေးဘီလူးအဖွဲ့ကနေပြီးတော့ ဝိုင်းပစ်ခဲ့တာဖြစ်ပါတယ်၊ တပ်သားနှစ်ဦး ကားပေါ်မှာ ကျပါတယ်၊ ကားမရပ်လို့ လက်နက်တွေကိုလုဖို့ အချိန်မရလိုက်ဘူး ကားမောင်းပြေးသွားတယ်” ရေးဘီလူးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

၎င်းပြင် မွန်ပြည်နယ်အတွင်း၌ ပိုမိုကောင်းမွန်သည့် တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့က ရေးမြို့ရှိ စစ်ကောင်စီ တပ်ရင်း ၅၈၆ ကို ရေးဘီလူးအဖွဲ့က RPG နှင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အပြင် ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း ရေးမြို့အခြေစိုက် အမြှောက်တပ် ၃၁၆ ကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာလကလည်း ရေးမြို့မရဲစခန်း စခန်းမှူးနှင့် တပ်သားနှစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို မကြာခန ပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် ဌာနဆိုင်ရာရုံးတွေ ရဲစခန်းတွေနှင့် စစ်ဆေးရေးဂိတ်တွေကိုလည်း မကြာခန ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts