Homeသတင်းမော်လမြိုင်တွင် ရိုဟင်ဂျာ ၂၄ ဦး ဖမ်းမိ

မော်လမြိုင်တွင် ရိုဟင်ဂျာ ၂၄ ဦး ဖမ်းမိ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရိုဟင်ဂျာ ၂၄ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတို့ထံမှ သိရသည်။

မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အုတ်ဖိုလမ်းရှိ ငါးထပ်တိုက်တစ်ခုအတွင်း၌ သတင်းအရဆိုပြီး ရဲတပ်ဖွဲ့နှင့် လဝကတို့အဖွဲ့မှ ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းက သွားရောက်စစ်ဆေးခဲ့ရာမှ ရိုဟင်ဂျာ ၂၄ ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“သတင်းရလို့ ဝင်စစ်ဆေးတာ။ တကယ်ပဲ တွေ့‌တယ် အားလုံး ၂၄ ယောက် ဖမ်းဆီးခဲ့တယ်”ဟု စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၂၄ ဦးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် လဝကတို့က စစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ရပ်ကွက်နေ အမျိုးသားတစ်ဦးက “ရဲပါတယ် လဝကပါတယ်။ ရပ်ကွက်လူကြီးတွေပါတယ်။ ပြီးတော့ သတင်းအရ စစ်ဆေးဖို့ဆိုပြီး တံခါးခေါက်ပြီး ဖွင့်ခိုင်းတယ်။ ပထမက သူတို့မဖွင့်ပေးရဲဘူး။ ‌နည်းနည်းကြာတော့ ဖွင့်ပေးတယ်။ သူတို့ကို တွေ့တာနဲ့ ဖမ်းခေါ်သွားတယ်”ဟု ပြောသည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၂၄ ဦးတွင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၁ ဦး ပါဝင်ပြီး အများစုက လူငယ်များဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ပထမအပတ်ခန့်ကလည်း မုဒုံမြို့နယ်၊ ကမာဝက်ချောင်းဝတွင် ရိုဟင်ဂျာ ၇၈ ဦး ဖမ်းဆီးရမိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts