Homeသတင်းမော်လမြိုင်တက္ကသိုလ်ကျောင်းသားတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၃ နှစ်ချမှတ်

မော်လမြိုင်တက္ကသိုလ်ကျောင်းသားတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၃ နှစ်ချမှတ်

-

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်၊ ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုမျိုးသူရအောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း မော်လမြိုင်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုမျိုးသူရအောင်ကို ၂၀၂၂ ခုနှစ်၊ ဇွန် ၃၀ ရက် ညနေပိုင်းက စစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုနောက် ကိုမျိုးသူရအောင်ကို ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်တွင် ၅ လကျော်ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီးနောက် ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုခဲ့သည်။

ကိုမျိုးသူရအောက်ကို စွဲဆိုထားသည့် ပုဒ်မ ၂ ခုအနက် ပုဒ်မတစ်ခုအတွက်ကို ဒီဇင်လာ ၂၇ ရက်နေ့က ဘားအံအကျဉ်းထောင် အထူးတရားရုံးမှ ထောင်ဒဏ် ၁၃ နှစ် အမိန့်ချမှတ်ခဲ့သည်ဟု မော်လမြိုင်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

မော်လမြိုင်တက္ကသိုလ် ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသား မျိုးသူရအောင်သည် မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ စတုတ္ထအကြိမ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ မှတ်တမ်းနှင့် သုတေသန တာဝန်ခံဟောင်းတစ်ဦးလည်း ဖြစ်သည်ဟု ထုတ်ပြန်ပါရှိသည်။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ သုတေသနကော်မတီ၏ စစ်တမ်းမှတ်စုအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ စစ်တပ်အာဏာသိမ်းကာလအတွင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသား ကိုမျိုးသူရ‌အောင်အပါအဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၇၈ ဦး ဖမ်းဆီးခံထားရသည်ဟုလည်း ထုတ်ပြန်ထားသည်။

၎င်းပြင် စာရင်းထဲမပါပဲ ဖမ်းဆီးခံထားရသည့် ကျောင်းသားကျောင်းသူများလည်း ကျန်ရှိနေသေးသည်ဟုလည်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts