Friday, April 17, 2026
More
    spot_img
    Homeသတင်းယခုနှစ် စပါးအထွက်နှုန်း ထက်ဝက်ခန့် လျော့ကျဟုဆို

    ယခုနှစ် စပါးအထွက်နှုန်း ထက်ဝက်ခန့် လျော့ကျဟုဆို

    -

    မွန်ပြည်နယ်အတွင်း ယခုနှစ် မိုးစပါးအထွက်နှုန်းသည် ယမန်နှစ်များကထက် ထက်ဝက်ခန့်လျော့ကျကြောင်း စပါးစိုက်တောင်သူတို့ထံမှ သိရသည်။

    စပါးဖျက်ပိုးကျရောက်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုတို့ကြောင့် စပါးများ ပျက်စီးကာ အထွက်နှုန်း သိသိသာသာလျော့ကျသွားကြောင်း ပေါင်မြို့နယ်က စပါးစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။

    ယမန်နှစ်များက တစ်ဧကလျှင် စပါးတင်း ၄၀ ခန့် ထွက်ရှိခဲ့သည်ကို ယခုနှစ်တွင် တစ်ဧကလျှင် စပါးတင်း၂၀ ခန့်သာ ထွက်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    “ ဒီနှစ်က ပိုဆိုးတယ်။ အရင်နှစ်ထက်ကို ရာသီဥတုဒဏ်လည်း ပိုခံရတယ်။ သိသာတာက အထွက်နှုန်းက တစ်ဝက်လောက်ကို ကျသွားတာ” ဟု ပေါင်မြို့နယ်က စပါးစိုက်တောင်သူက ပြောသည်။

    ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးဈေးကောင်ရရှိနေသော်လည်း စပါးအထွက်နှုန်းကျခြင်းနှင့် ကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် တောင်သူများအတွက် တွက်ချေမကိုက်ဖြစ်နေသည်ဟု ကျိုက်မရောမှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

    “အရင်နှစ်ကဆို ပေါ်ဆန်းအသစ်က ၇ သိန်းလောက်ပဲ ပေါက်ဈေးရှိတယ်။ ဒါပေမယ့် အထွက်နှုန်းကျတော့ ရကြတာပေါ့။ ဒီနှစ်ကျတော့ ၁၄သိ န်းလောက်ရှိပေမယ့် အထွက်နှုန်းက တော်တော်ကျတယ်။ ဈေးတက်ပေမယ့် တောင်သူတွေ အမြတ်မရဘူးပေါ့” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် မွန်ပြည်နယ်အတွင်း၌ ပေါ်ဆန်း အသစ် တင်းတစ်ရာလျှင် ၁၄ သိန်း ပေါက်ဈေးရှိနေကြောင်း စပါးကုန်သည်တို့ထံမှ သိရသည်။

    မွန်ပြည်နယ်တွင် သထုံ၊ ပေါင်၊ မုဒုံနှင့် ချောင်းဆုံမြို့နယ်တို့တွင် စပါးအများဆုံးစိုက်ကြပြီး ပြည်နယ်အတွင်း၌ ရာဘာပြီးလျှင် စပါး အများဆုံး စိုက်ပျိုးကြသည်။

    မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုး ဧက ၇ သိန်းနီးပါးရှိပြီး စပါးကြမ်းအုပ်စုဝင် စပါး စိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်းရှိကာ စပါးချောအုပ်စုဝင် စပါးစိုက်ပျိုးမှု ၆၀ ရာခိုင်နှုန်းရှိသည်ဟု မွန်ပြည်နယ်စပါးကုန်သည်များအသင်းထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks