Sunday, April 19, 2026
More
    spot_img
    Homeသတင်းမွန်တွင် တည်ဆောက်မည့်  လေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းအတွက် မြေလျော်ကြေးကို လာမည့်နှစ်တွင် အပြီးသတ်ပေးမည်

    မွန်တွင် တည်ဆောက်မည့်  လေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းအတွက် မြေလျော်ကြေးကို လာမည့်နှစ်တွင် အပြီးသတ်ပေးမည်

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်အနီးတွင် တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် ဆိပ်ကမ်း စီမံကိန်းအတွက် မြေယာလျော်ကြေးများကို လာမည့်နှစ်အတွင်း အပြီးသတ် ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

    မြေယာလျော်ကြေးအတွက် ပြည်ထောင်စုမှ ငွေ ၁၉ ဘီလီယံကို ၂၀၂၂-၂၀၂၃ ဘဏ္ဌာ‌ရေး နှစ် မကုန်ခင် ပေးချေရန် တင်ပြတောင်းခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်ကြည်သိန်းက ပြောသည်။

    “ဘတ်ဂျက်က ၁၉ ဘီလီယံလောက်ဖြစ်နေတော့ ဟိုကနေ အပြည့်ယူမလား တစ်ဝက်ယူမလားဆိုတော့ ကျွန်တော်တို့က အပြည့်ယူမှရမယ်။ ဘာလို့လဲဆိုတော့ လယ်သမားတွေကို တစ်ဝက်တစ်ပျက်တော့ သွားပေးလို့မရဘူးပေါ့နော်။ အဲဒါမှ သူဖယ်မှာကို။ အဲလိုသဘောရှိတယ်။ အဲတော့ အပြည့်ပေးပါဆိုတော့ သုံးလအတွင်း ပေးချေမယ်လေ ဘာလို့ဆို ဘဏ္ဌာရေးနှစ်က မတ်လ ၃၁ ဆို ကုန်သွားမှာကို။ အဲဒါကြောင့် သုံးလအတွင်း ပေးချေရမယ်လို့ ပြောလိုက်တာ” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် ဘတ်ဂျက်ကျလာသော်လည်း လျော်ကြေးငွေများ‌ လက်ဝယ် မရောက်ရှိလာသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျက် ဖြစ်သောကြောင့် လျော်ကြေးကို မည်သို့ပေးဆောင်မည်ကို သေချာ မသိရသေးကြောင်း သိရသည်။

    လျော်ကြေးနှင့်ပတ် သတ်ပြီး ဒေသခံများ  သေချာ ရှင်းလင်းစွာ  သိရှိထား ခြင်း မရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောသည်။

    “လိုချင်တဲ့ ဈေးကိုတော့ ပြောထားကြတာ‌ပေါ့နော်။ ပေးမယ်လို့တော့ သေချာ မပြောထားသေးဘူး။ သေချာလည်း မဆွေးနွေးရသေးဘူး”ဟု ၎င်းက ပြောသည်။

    အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့က မွန်ပြည်နယ်ကို လာရောက်တဲ့ခရီးစဥ်တွင် မွန်ပြည်နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနဲ့ လေဆိပ် တည်ဆောက်ဖို့ မှာကြားခဲ့ရာကနေ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

    ထို့ကြောင့် နိုင်ငံတကာအဆင့်မီ လေဆိပ်ကို မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးတွင် တည်ဆောက်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို မုဒုံမြို့နယ်ရဲ့ ပင်လယ်ထွက်ပေါက်နဲ့နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာတို့အကြားတွင် တည်ဆောက်ဖို့ မြေနေရာတွေ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

    စစ်ကောင်စီက နိုင်ငံတကာအဆင့်မီ လေဆိပ်စီမံကိန်းအတွက် မြေဧကပေါင်း ၄၃၀၀ ကျော်၊ ဆိပ်ကမ်းစီမံကိန်းအတွက် မြေဧက ၃၆၀ ကျော် စုစုပေါင်း မြေနေရာဧက ၄၆၀၀ ကျော် လျာထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks