Homeသတင်းကျိုက်မရောထောင်ရှိ နိုင်ငံရေးအကျဥ်းသားများ အစာငတ်ခံဆန္ဒပြဟု သတင်းထွက်ခဲ့

ကျိုက်မရောထောင်ရှိ နိုင်ငံရေးအကျဥ်းသားများ အစာငတ်ခံဆန္ဒပြဟု သတင်းထွက်ခဲ့

-

မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ဒီဇင်ဘာ ၇ ရက်‌နေ့က နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု သတင်းထွက်နေသည်။

အင်းစိန်ထောင်တွင် စစ်တရားရုံးက ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်ထားသည့်အပေါ် ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများနှင့် အဆက်အသွယ်ရှိသူတစ်ဦးက ပြောသည်။

“ကျိုက်မရော အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ ဆန္ဒပြ‌တယ်လို့ ပြောကြတယ်” ဟု ၎င်းက ပြောသည်။

ကျိုက်မရော အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည်ဟု သိရှိရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အကျဉ်းထောင်တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ  အကျဉ်းထောင်အတွင်း ဆန္ဒပြမှုဖြစ်စဉ် တစ်ခုမှ မရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

မွန်ပြည်နယ်အတွင်း နိုင်ငံရေးအကျဉ်းသားများကို ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီး ထားခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံထားရသူ ၁၃၉ ဦးရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts