Thursday, March 12, 2026
More
    spot_img
    Homeသတင်းစစ်တပ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၁၃၉  ဦးအထိရှိလာ

    စစ်တပ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၁၃၉  ဦးအထိရှိလာ

    -

    စစ်တပ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံထားရသူ ၁၃၉ ဦးအထိ ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

    စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ (၁၃၀၆၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၆၈၆) ဦးမှာ ထောင်ဒဏ် ချမှတ်ခြင်းခံထားရသည်ဟုလည်း  ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

    ထို့အပြင် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၉၇) ဦးရှိကာ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦးအပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟုလည်း ပါရှိသည်။

    အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၄၄၈) ဦး ရှိသည်ဟုလည်း AAPP ထုတ်ပြန်ထားသည်။

    စစ်‌ကောင်စီအနေဖြင့် မည်သည့်အဖွဲ့အစည်းကိုမှ ဂရုစိုက်နေမှာမဟုတ်ဘဲ ၎င်းတို့ အာဏာတည်မြဲရေးအတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

    “သူကတော့ သူ့အလုပ်သူလုပ်မှာပဲလေ၊ သူက ပြည်သူလူထုကို စစ်ကြေညာထားတာပဲ၊ ရွေးကောက်ပွဲလုပ်မယ်၊ ဆက်အာဏာယူမယ်၊ ချေမှုန်းမယ်၊ သတ်မယ်၊ ကုလသမဂ္ဂလည်း ဂရုမစိုက်ဘူး။ အာဆီယံလည်း Sorry ပဲ၊ သူ့မှာ တရုတ်၊ အမေရိကန်၊ အာဆီယံထဲမှာ ရှိတဲ့ နိုင်ငံ ၄ နိုင်ငံရှိတယ်၊ ဘင်္ဂလားဒေရ့် သူ့ကို ထောက်ခံမယ်၊ အိန္ဒိယ‌ထောက်ခံမယ်၊ အီရန်ထောက်ခံမယ်၊ သူကလည်း သူ့အုပ်စုနဲ့ သူနေတာ၊ ဒို့ဖက်က အပြတ်တိုက်နိုင်ရင်တိုက် မတိုက်နိုင်ရင်တော့ သူ့အလုပ်သူဆက်လုပ်မှာပဲ” ဟု  ၎င်းက ပြောသည်။

    ဒီမိုကရေစီနိုင်ငံများအနေဖြင့်လည်း ရုရှား-ယူကရိန်း စစ်ပွဲများကြောင့် လက်ရှိ မြန်မာ့နိုင်ငံ၏ အရေးအခင်းများကို ဂရုမစိုက်နေသောကြောင့်လို့လည်း ဦးကြီးမြင့်က ပြောသည်။

    စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာလကုန်အထိ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၉၀၀) ခုထက်မနည်းရှိခဲ့ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၅၆၅) ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks