Homeသတင်းသိမ်ဇရပ်ရဲစခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အချို့ပျက်စီး

သိမ်ဇရပ်ရဲစခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အချို့ပျက်စီး

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် သိမ်ဇရပ်ရဲစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရကာ လူနေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။

သိမ်ဇရပ်ရဲစန်းမှ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ၄၀ မမဖြင့် ပစ်ခတ်ခဲ့ပြီး သိမ်ဇရပ်မြို့ အမှတ် (၃) ရပ်ကွက်ကြီး တောင်တခြမ်းရပ်ကွက်ရှိ ဦးကျော်တင့် နေအိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးကျော်တင့်၏သားဖြစ်သူ ၈ နှစ်အရွယ် မောင်မြင့်မြတ်နှင့် တစ်ဝမ်းကွဲညီအစ်ကို တော်စပ်သူ ၈ နှစ်အရွယ် မောင်သန့်စဥ်တို့နှစ်ဦးလက်နက်ကြီးကျည်စထိမှန်ခဲ့သည်။

“ရဲစခန်းက လက်နက်ကြီးနဲ့ ပစ်တာ ရပ်ကွက်ထဲက အိမ်ပေါ် ကျပြီး ထမင်းစား နေကြတဲ့ ကလေး(၂)ယောက် ဒဏ်ရာရတယ် (၁) ယောက်ကတော့ စိုးရိမ်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်စထိမှန် ဒဏ်ရာရရှိသည့် မောင်မြင့်မြတ်သည့် သိမ်ဇရပ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာပြင်းထန်သည့် မောင်သန့်ဇင်ကိုတော့ ပဲခူးမြို့ဆေးရုံးကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟုလည်း KNU က ထုတ်ပြန်ထားသည်။

သိပ်ဇရပ်ရဲစခန်းမှ လက်နက်ငယ်များဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်နေ မှုကြောင့် အရပ်သားပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်ဟုလည်း သိရသည်။

အလားတူ ဘီးလင်းမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး KNU လှုပ်ရှားရာနယ် မြေတွင်လည်း စစ်ကောင်စီတပ်တို့က လက်နက်ကြီး လက်နက်ငယ်များဖြင့် မကြာခဏ ပစ်ခတ်နေခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် နေအိမ်ပျက်စီးပြီး ထောင်နှင့်ချီသည့် ဒေသခံတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts