Homeသတင်းသထုံမြို့နယ်တွင် စစ်ကောင်စီကား ပစ်ခတ်ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် သုံးဦး သေဆုံး

သထုံမြို့နယ်တွင် စစ်ကောင်စီကား ပစ်ခတ်ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် သုံးဦး သေဆုံး

-

မွန်ပြည်နယ်၊ သထုံမြို့နယ် ဝင်းစိန်ကျေးရွာတွင် နိုဝင်ဘာလ (၁၀) ရက်နေ့ နံနက် (၅) နာရီခွဲအချိန်ခန့်တွင် ပြည်သူကို မတရားဖမ်းဆီးလာသော စစ်ကောင်စီကား ပစ်ခတ်ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် သုံးဦး သေဆုံးသွားကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။

ပြည်သူကို မတရားဖမ်းဆီးသယ်ဆောင်လာသော စစ်ကောင်စီကားကို ခရီးကြုံရင်း မသင်္ကာသဖြင့် တားဆီးပစ်ခတ်ခဲ့သည်ဟုလည်း သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်မှ လေ့ကျင့်ရေး (၉) ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူအပါအဝင် (၃) ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရကာ ထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်း ပါရှိသည်။

ပစ်ခတ်ခံရသည့်ကားပေါ်မှ လက်နက် (၃) လက် သိမ်းဆည်းရမိခဲ့ပြီး မတရား ဖမ်းဆီးခံရသူကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ဗိုလ်မှူးချစ်ဝင်းသူသည် သထုံမြို့နယ် ထုံးဘိုလေးကျေးရွာ မီးရှို့မှုဖြစ်စဥ်တွင် အဓိကပါဝင်သူတစ်ဦးဖြစ်ပြီး တက်ကြွလှုပ်ရှားသူတွေ လူငယ်တွေကို မတရားဖမ်းဆီးတာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတာတွေကို အဓိကလုပ်ဆောင်နေသူလို့လည်း သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ ထုတ်ပြန် ပြောဆိုထားသည်။

သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု စျေးမသွယ်ကျေးရွာက နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့သည်။

သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှု မကြာခနဖြစ်ပွားလေ့ရှိသည့်အပြင် စစ်ကောင်စီယာဥ်တွေလည်း မကြာခနပစ်ခတ်ခံနေရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts