Homeသတင်းကျိုက်ထီးရိုးပတ်ဝန်းကျင်တွင် လုံခြုံရေး ပိုမိုတိုးချဲ့ထား

ကျိုက်ထီးရိုးပတ်ဝန်းကျင်တွင် လုံခြုံရေး ပိုမိုတိုးချဲ့ထား

-

Photo : google

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ရှိ ဆံတော်ရှင်ကျိူက်ထီးရိုးစေတီတော်မြတ်ကြီး တောင်တော်ပတ်ဝန်းကျင် နှင့် ကင်မွန်းစခန်းကားဂိတ်နေရာတ၀ိုက်တို့တွင် လုံခြုံရေး ပိုမိုတိုးချဲ့ထားကြောင်း သိရသည်။

ကင်မွန်းစခန်းတောင်တက်ကားဂိတ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်တို့က ကင်းမွန်းစခန်းနှင့် ကျိုက်ထီးရိုးတောင်တက်လမ်းတလျှောက်တွင် ဝင်ရောက် နေရာယူထားပြီး ယခုရက်ပိုင်းတွင်လည်း လုံခြုံရေအင်အား ပိုမိုတိုးချဲ့လာသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

“အင်အားကတော့ တော်တော်များတယ်။ လုံခြုံရေး ယူပေးနေတာ။ တောင်ပေါ်ရော တောင်အောက်ရောဆို ၂၀၀ ကျော်မယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျိုက်ထီးရိုး ကင်းမွန်းစခန်း ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပွားပြီးနောက် ဘုရားဖူးလာရောက်မှု မရှိသလောက် နည်းပါးသွားသည်။

ဘုရားဖူးဧည့်သည်တော်များကို ပြန်လည်ဖိတ်ခေါ်သည့်အနေဖြင့် ဘုရားဂေါပကအဖွဲ့တို့မှ နိုဝင်ဘာ ၃ နှင့် ၄ ရက်နေ့တို့တွင် ဘုရားလာရောက်ဖူးသူများအတွက် တောင်တက်မော်တော်ယာဉ်စီးခနှင့် အခမဲ့ တည်းခိုနိုင်ရန် စီစဉ်ပေးထားသည်။

ကျိုက်ထီးရိုးဘုရားဖူးများအတွက် လုံခြုံရေးကိုလည်း သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားကြောင်းလည်း ဂေါပကအဖွဲ့တာဝန်ရှိသူက ပြောဆိုထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က ကင်မွန်းစခန်းတောင်တက်ကားဂိတ်အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ဘုရားဖူးအမျိုးသမီး ၃ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts