Homeသတင်းမြဝတီနယ်စပ်တိုက်ပွဲတွင် လေကြောင်းပစ်ကူခြင်းများ အပြင်းအထန် ပြုလုပ်နေဟု ထိုင်းသတင်းများတွင်ဖော်ပြ

မြဝတီနယ်စပ်တိုက်ပွဲတွင် လေကြောင်းပစ်ကူခြင်းများ အပြင်းအထန် ပြုလုပ်နေဟု ထိုင်းသတင်းများတွင်ဖော်ပြ

-

ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနေပြီး လေကြောင်းပစ်ကူခြင်းများ အပြင်းအထန်ပြုလုပ်နေဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

စစ်ကော်မရှင်တပ်သည် မြဝတီမြို့တိုက်ပွဲအတွင်းရှိ ၎င်းတို့၏ ရှေ့တန်းတပ်ဖွဲ့များကို အင်အားဖြည့်ရန်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့၏ စခန်းများကို တိုက်ခိုက်ရန် အသုံးပြုနေခြင်းဖြစ်ကြောင်း ဆိုသည်။

တိုက်ပွဲများသည် ထိုင်းနိုင်ငံ မဲဆောက်နှင့် ဖုတ်ဖရာခရိုင်မျက်နှာချင်းဆိုင်ရှိ မြဝတီမြို့နယ်တစ်ဝိုက်တွင် အဓိကဖြစ်ပွားနေပြီး နှစ်ဖက်စလုံးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ် အပြန်အလှန် ပစ်ခတ်နေကြသည်။

စစ်ကော်မရှင်တပ်ဖွဲ့၏ မြေပြင်ထောက်ပံ့ရေးယာဉ်တန်းများသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ချုံခိုတိုက်ခိုက်မှု ခံနေရခြင်းကြောင့် ရိက္ခာနှင့် ခဲယမ်းများကို လေယာဉ်များဖြင့်သာ အဓိကပို့ဆောင်နေရကြောင်း သိရသည်။

စစ်ကော်မရှင်စစ်တပ်မှ တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းများကို ပြန်လည်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေစဉ်အတွင်း ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်အချို့သည် ထိုင်းနယ်စပ် ဘန်ဟွေးမဟာဝေါင်ကျေးရွာရှိ နေအိမ်အချို့ ကျည်ထိမှန်ပျက်စီးမှုများရှိပြီး ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

မြန်မာဘက်ခြမ်းက တိုက်ပွဲသံများ ပြင်းထန်လာသည်နှင့်အမျှ နယ်စပ်တလျှောက်ရှိ ကျေးရွာဒေသခံများ နေအိမ်တွင် မနေရဲဘဲ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြရသည်။

နယ်စပ်တစ်လျှောက်တွင် ယခင်ကလည်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းသို့ ကျည်မကြာခဏ ကျရောက်ခဲ့ပြီး သေနတ်ပစ်ခတ်သံများ ကျယ်လောင်စွာကြားနေရသည့်အတွက် ဒေသခံများသည် စိုးရိမ်စိတ်ဖြစ်ပေါ်နေပြီး သတိနှင့် နေထိုင်နေကြရသည်။

ယခုဖြစ်ပွားနေသော နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းအာဏာပိုင်များအနေဖြင့် နယ်စပ်တစ်လျှောက်ကို မြေပြင်နှင့် ဝေဟင်လုံခြုံရေးကိုပါ ပိုမိုတိုးမြှင့် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ကိုးကား-Khaosod

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts