Homeသတင်းသုဝဏ္ဏဝတီနယ်မြေရဲစခန်းမှ တပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သုဝဏ္ဏဝတီနယ်မြေရဲစခန်းမှ တပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

-

မွန်ပြည်နယ် မြောက်ပိုင်းတွင် ပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားနေပြီး အောက်တိုဘာ ၂၅ ရက် ညနေပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု ဈေးမသွယ်ကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ သုဓမ္မဝတီနယ်မြေရဲစခန်းမှ တပ်ကြပ်တစ်ဦး မှာ ဈေးမသွယ်ကျေးရွာရှိ စားသောက်ဆိုင်အတွင်း ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ညနေပိုင်းလောက်က ဖြစ်သွားတာ။ စားသောက်ဆိုင်မှာ စားသောက်နေတဲ့အချိန် ဝင်ပစ်သွားတာလို့ သိရတယ်”ဟု ၎င်းက ပြောသည်။

ပစ်သတ်ခံခဲ့ရသူမှာ ထောင်မှူးကျေးရွာအုပ်စု နယ်ထိန်းတစ်ဦးဖြစ်ပြီး သုဝဏ္ဏဝတီရဲစခန်းမှ တပ်ကြပ်အောင်ဝင်ထွန်း ဆိုသူဖြစ်ကြောင်း ဆက်ပြောသည်။ ပစ်သတ်ခံရပြီးနောက် အခင်းဖြစ်ရာနေရာကို လူံခြုံရေးအဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သတ်ပြီး သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (သထုံ ပ.က.ဖ) က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်က လမိုင်း-ကော့ဒွတ်ကားလမ်းပေါ်တွင် ရေးမြို့နယ် လမိုင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ကျော်မင်း သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့သည်။

မွန်ပြည်နယ်တွင်လည်း အခြားဒေသများအနည်းတူ မြန်မာစစ်တပ်အောက်တွင် အမိန့် နာခံ တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံပြည်သူရဲတပ်ဖွဲ့ များသည် ပြည်သူလူထုအပေါ် အကြမ်းဖက်သည့် ကိစ္စရပ်တွင် ပါဝင်နေမှုကြောင့် ဒေသအတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်များ၏ ပစ်မှတ်ဖြစ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts