Homeသတင်းမွန်ပြည်နယ်‌ ဈေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာ ၉၀၀၀ ကျော် ပြန်တက်

မွန်ပြည်နယ်‌ ဈေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာ ၉၀၀၀ ကျော် ပြန်တက်

-

ကမ္ဘာ့ငွေကြေး ခဝါချမှု စောင့်ကြည့်ရေး အဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီးနောက် ပြည်နယ်ဈေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာ ၉၀၀၀ ကျော် ပြန်လည်မြင့်တက်လာကြောင်း မွန်ပြည်နယ်စားအုန်းဆီလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အမည်ပျက်စာရင်း ကြေငြာပြီးနောက် အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းတွင် စားအုန်းဆီတစ်ပိဿာ ၈၅၀၀ ကျပ် တက်လာခဲ့ပြီး အောက်တိုဘာ ၂၅ရက် မနက်ပိုင်းတွင် ၉၈၀၀ ကျပ် ပေါက်ဈေးရှိနေကြောင်း ဆက်ပြောသည်။

“အမည်ပျက်စာရင်း ကြေငြာတယ်ဆိုတဲ့ သတင်းတက်လာထဲက စားအုန်းဆီဈေးက ချက်ချင်းကို ခုန်တက်သွားတယ်။ တစ်ချို့ဆိုင်တွေက မရောင်းသေးဘူး။ ဈေးအပြောင်းအလဲဖြစ်နေလို့ထင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စားအုန်းဆီဈေးနှုန်းသည် အပြောင်းအလဲ မြန်နေသောကြောင့် သက်သာဈေးနှုန်းဖြင့် လိုက်လံရောင်းချပေးနိုင်ခြင်း မရှိသေးကြောင်း ဆက်ပြောသည်။ စားအုန်းဆီဈေးနှုန်းသည် တစ်ပိဿာ တစ်သောင်းကျပ်ထိ မြင့်တက်ခဲ့သော်လည်း စက်တင်ဘာလအတွင်း စားအုန်းဆီ တစ်ပိဿာ ၆၅၀၀ ကျပ်ထိ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

မော်လမြိုင် ဈေးကြိုရပ်ကွက်မှ စားအုန်းဆီအရောင်းဆိုင်ရှင် တစ်ဦးက “စားအုန်းဆီဈေးတွေ ပြန်ကျနေပြီဆိုလို့ ဝမ်းသာနေတုန်းပဲ ရှိသေးတယ်။ တစ်မနက်ထဲ ၈၅၀၀ထိ ချက်ချင်းတက်သွားတော့တာပဲ။ အများကြီးတော့ မဝယ်ထားဘူး။ ဆိုင်မှာ လိုသလောက်ပဲ ဝယ်ထားတယ်” ဟု ပြောသည်။

စားအုန်းဆီဈေးနှုန်း အပြောင်းအလဲဖြစ်‌ေနသောကြောင့် ဈေးကွက်အတွင်း ဝယ်ယူမှုအနည်းငယ် အေးနေကြောင်း ဆက်ပြောသည်။

စားအုန်းဆီ ဈေးနှုန်း အပြောင်းအလဲကြောင့် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကလည်း စားအုန်းဆီ အခြေခံရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

ကမ္ဘာ့ငွေကြေး ခဝါချမှု စောင့်ကြည့်ရေး အဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်ခြင်းသည် ပြည်ပနှင့် ကုန်သွယ်မှု၊ ငွေကြေးလွဲပြောင်းမှု၊ တရားမဝင်စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးခဝါချမှုအပေါ် တိုက်ခိုက်ထိခိုက်နိုင်မည် ဖြစ်သော်လည်း ပြည်တွင်းကုန်ပစ္စည်းဈေးကွက်ကို ထိခိုက်စေပါသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts