Homeသတင်းဘီးလင်းမြို့နယ်တွင် နှစ်ရက်အတွင်း NLD ပါတီဝင်တစ်ဦး အပါအဝင် နေအိမ် ၃ လုံး ချိပ်ပိတ်ခံရ

ဘီးလင်းမြို့နယ်တွင် နှစ်ရက်အတွင်း NLD ပါတီဝင်တစ်ဦး အပါအဝင် နေအိမ် ၃ လုံး ချိပ်ပိတ်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၂၁)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးအပါအဝင် နေအိမ် ၃ လုံး ချိပ်ပိတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့က အလူးကျေးရွာ NLD ပါတီဝင် ဒေါ်အေးသီတာမြင့် နေအိမ်ကို လာရောက် ချိပ်ပိတ်ခဲ့ကြောင်း ‌ဒေသခံတစ်ဦးထံက သိရသည်။

အလားတူ စက်တင်ဘာ ၁၉ ရက်က ဘီးလင်းမြို့ ကန်သာယာရပ်ကွက်မှ ဦးမုတ်ဆိတ် နေအိမ်၊ ဇုတ်သုတ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးထိုက် နေအိမ်ကိုလည်း ချိပ်ပိတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ဦးစိုးထိုက်တို့က မိသားစုလိုက် ရှောင်နေတာ။ သူတို့အိမ်ကတော့ အလွတ်ကြီးပဲ။ ဒီတိုင်းပဲ စာ‌တွေကပ်ပြီး ပိတ်သွားတာပဲ”ဟု ၎င်းက ပြောသည်။

အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်နေသောကြောင့် နေအိမ်ကို နိုင်ငံပိုင်အဖြစ် သိမ်းယူကာ ချိပ်ပိတ်လိုက်သည်ဟူသော စာကို ကပ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ စက်တင်ဘာ ၁၉ ရက်နေ့ တစ်ရက်ထဲ သထုံမြိုနယ်အတွင်း ဒေသခံ ၃ ဦး၏ နေအိမ် ချိပ်ပိတ်ခံရကြောင်း သိရသည်။

လက်ရှိတွင် ဘီးလင်းမြို့နယ်အတွင်း ဘီလင်းမြို့နယ် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာ နေအိမ် အပါအဝင် နေအိမ် ၁၅ လုံးခန့် ချိပ်ပိတ်ခံထားရသည်။

Topics; #ဘီးလင်းမြို့နယ် #NLD #ချိပ်ပိတ်ခံရ #အကြမ်းဖက်အဖွဲ့အစည်း

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts