Homeသတင်းပေါင်မြို့နယ်တွင် ရွှေဆိုင်အား ဝင်ရောက် လုယက်မှု ဖြစ်ပွား

ပေါင်မြို့နယ်တွင် ရွှေဆိုင်အား ဝင်ရောက် လုယက်မှု ဖြစ်ပွား

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၂၀)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်

လုံခြုံရေးတင်းကြပ်ထားသည့် ပေါင်မြို့တွင် ကဒါရပ်ကွက်၊ အောက်လမ်းမတွင် လှစ်ထားသည့် ရွှေဆိုင်တစ်ခုကို ယနေ့ (စက်တင်ဘာ ၂၀ ရက်) မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်ခန့်က လူငယ်နှစ်ဦးက ဝင်ရောက်လုယက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မြို့ခံတချို့ထံမှ သိရသည်။

အဆိုပါ လူငယ်နှစ်ဦးက လမင်းတစ်ရာရတနာရွှေဆိုင်ကို လာရောက်ပြီး ရွှေဝယ်မည့်သူ ဟန်ဆောင်ကာ လုယူသွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

“သူတို့နှစ်ယောက်က ဆိုင်ထဲဝင်လာတယ်၊ ရွှေဝယ်မယ့် ဟန်လုပ်တယ်၊ ပြီးတော့ ဆိုင်ရှင်ထုတ်ပြထားတဲ့ ရွှေကို လုပြီး ဆိုင်ကယ်နဲ့ ပြေးတော့တာပဲ၊ ပေါင်းရပ်ကွက်ဘက်ကို မောင်းပြေးသွားတာ။ လိုက်တော့ လိုက်ကြတယ် မမီဘူး” ဟု ၎င်းက ပြောသည်။

ရွှေဆိုင်အတွင်းမှ ရွှေလော်ကက်သီး နှင့် ရွှေနားကပ်များ လုယက်ခံခဲ့ရပြီး တန်ဖိုးငွေ ကျပ် ၈ သိန်းနီးပါး ရှိကြောင်း သိရသည်။

လုယက်သွားသူ နှစ်ဦးသည် Wave i125 ဆိုင်ကယ် အမျိုးအစားကို မောင်းနှင်ကာ ပေါင်းရပ်ကွက်အတွင်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။

လက်ရှိတွင် လုယက်သွားသူ နှစ်ဦးမှာ ထွက်ပြေးလွတ်‌မြောက်နေဆဲဖြစ်ပြီး ပေါင်မြို့နယ်အတွင်း ပိတ်ဆို့ကာ စစ်ဆေးရှာ‌ဖွေခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

Topics; #ပေါင်မြို့နယ် #ရွှေဆိုင် #လုယက်မှု #လူငယ်နှစ်ဦး

Photo -CJ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts