Homeသတင်းရေးမြို့နယ် ကျောင်းရွာကျေးရွာရှိ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရန်အတွက် ရန်ပုံငွေလိုအပ်

ရေးမြို့နယ် ကျောင်းရွာကျေးရွာရှိ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရန်အတွက် ရန်ပုံငွေလိုအပ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁၇)

ရေးမြို့နယ် ကျောင်းရွာကျေးရွာတွင် နားရေးကူညီမူအသင်းက ဆောက်လုပ်နေသည့် အောက်ဆီဂျင်စက်ရုံအဆောက်အဦအပိုင်းဆောက်လုပ်ရန်အတွက် ရန်ပုံငွေ လိုအပ်မှုရှိနေကြောင်း သိရသည်။ 

အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက “ကျနော်တို့ အခုနာရေးရုံးမှာပဲ ဆောက်လို့မပြီးသေးဘူး။ မီးစက်နဲ့ အောက်ဆီဂျင်စက်တော့ ရောက်နေပြီ။ လိုအပ်တာအဆောက်ဦပေါ့။ အဲအဆောက်အဦ ဆောက်ဖို့အလှူရှင်တွေရှာနေတာ ဒီကုန်စျေးနှုန်းနဲ့ ဆိုတော့ နည်းနည်းကြာမယ်” ဟု ပြောသည်။

ဆေးရုံ၊ ဆေးခန်းများနှင့် ဝေးလံနေသော ကျေးရွာတစ်ချို့မှာ အောက်ဆီဂျင်နှင့် ပတ်သက်သည့် လိုအပ်ချက်များကို အလွယ်တကူ လုပ်ဆောင်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ရေးချောင်းဖျားတို့ ဘက်မှာရှိတဲ့ ရွာတွေကို အောက်ဆီဂျင်လိုအပ်လာရင် မြို့အပေါ်ကိုသွားယူရန်အခက်ခဲကြောင့်ဒီမှာဆို ပိုပြီးအဆင်ပြေမယ်ဆိုတော့ သူတို့လည်းအလှူပေးတာရှိတော့ ကျနော်တို့လည်း ဖော်ဆောင်တာပေါ့” ဟု၎င်းက ထပ်ပြောသည်။

ကျောင်းရွာနားရေး ကူညီမူအသင်းက ဦးဆောင်၍ စက်ရုံဖြစ်မြောက်ရေးကော်မတီမှတစ်ဆင့် ရပ်မိရပ်ဖများထံအလှူခံကာ ရန်ပုံငွေရှာခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၈ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ အောက်ဆီဂျင်စက်ရုံ ၃၀ ရာခိုင်နှုန်းဆောက်လုပ်ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ကိုဗစ် – ၁၉ တတိယလှိုင်းတွင် တနိုင်ငံလုံး အတိုင်းအတာဖြစ် အောက်ဆီဂျင် ပြတ်လပ်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts