Homeသတင်းဘီးလင်းမြို့နယ် အလူးလေးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁၈)

ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမင်းကို ယနေ့ (စက်တင်ဘာ ၁၈ ရက်) နံနက် ၇ နာရီခန့်က အမည်မသိလက်နက်ကိုင်လူတစ်စုမှ သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း ဒေသခံတချို့ထံမှ သိရသည်။

အလူးလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမင်း သည် ၎င်းနေအိမ်မှ အနောက်ကြီးကျေးရွာ ဘုန်းကြီးကျောင်းရွာလမ်းအတိုင်း တစ်ဦးတည်းဆိုင်ကယ်ဖြင့် ရောဘာခြံသို့ သွားရောက်ချိန် လမ်းတွင် အသင့်စောင့်နေသော လူငယ်နှစ်ဦးမှ သေနတ်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။

“သူမနက်က ရောဘာခြံသွားတာ တစ်ယောက်ထဲပေါ့၊ ဆိုင်ကယ်နဲ့ ပေါ့၊ လမ်းမှာ အသင့်စောင့်နေတဲ့ လူငယ်နှစ်ဦးက သေနတ်ပစ်လိုက်တာ၊ သေနတ်ဒဏ်ရာ ၃ ချက်ထိသွားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ခါးစောင်းဖောက်ဝင် နံကြားဖေက်ထွက်ကျည် ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်ကျည်ဖောက်ထွက်ဒဏ်ရာနှင့် ခါးကျည်ဖောက်ထွက်ဒဏ်ရာများဖြင့် အခင်းဖြစ် ရပ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိ အလူးလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမင်းမှာ နစကကောင်စီလက်အောက်တွင် အလုပ်တာဝန်ထမ်းဆောင်နေတာကြောင့် ဘီးလင်းဒေသကာကွယ်ရေးတပ် (PDF) များက လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ ပြောဆိုမှု ရှိနေသော်လည်း မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်ထဲမှာလည်း ဘီးလင်းမြို့ ကန်သာယာရပ်ကွက်တွင် နေထိုင်သည့် အငြိမ်းစား ဗိုလ်မှူး ဦးလှဝင်းသိန်းနှင့် သပြေနီကျေးရွာ စာသင်ကျောင်းလမ်းနေ ဦးမြင့်ကို တို့ကို အမည်မသိလူတစ်စုမှ ၎င်းတို့နေအိမ်မှာ သေနတ်လာရောက်ပစ်သတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

Topics; #ဘီးလင်းမြို့နယ် #အလူးလေးကျေးရွာ #အုပ်ချုပ်ရေးမှူး #အသတ်ခံရ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts