Homeသတင်းမွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ နိုင်တင်အောင် ကြေးရုပ်တုတင် အခမ်းအနားကျင်းပ

မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ နိုင်တင်အောင် ကြေးရုပ်တုတင် အခမ်းအနားကျင်းပ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁၇)

မွန်ညီညွတ်ရေးပါတီ (MUP) ဥက္ကဋ္ဌ နိုင်တင်အောင်၏ ကြေးရုပ်တုတင်အခမ်းအနားကို သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ကြက်တညင်ဘုရားကုန်းပေါ်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ မနေ့က ကျင်းပခဲ့သည်။

နိုင်တင်အောင်၏ ကြေးရုပ်တုကို ၎င်း၏အရိုးဂူဗိမ္မာန်ထားရှိရာ ကြက်တညင်ဘုရားကုန်းတော်ပေါ်တွင် ထားရှိပြီး ပင မွန်စာပေနဲ့ ယဉ်ကျေးမှုရုံးမှစတင်ကာ  ဘင်ခရာအဖွဲ့နဲ့တကွ အခမ်းအနားသို့ချီတက်ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်တင်အောင်၏ သားဖြစ်သူနိုင်ဆန်းက “ရုပ်တုကို ကျနော်တို့ မန္တလေးကနေမှာပြီး ပုံတူဖြစ်အောင် ထုဆစ်ခိုင်းတယ်၊ တန်ဖိုးကတော့ ၁၀ သိန်းလောက်ရှိတာပေါ့၊ ဒါကိုလည်း ပြည်တွင်းမှာရော ပြည်ပက မွန်မျိုးချစ်ပုဂ္ဂိုလ်တွေက ပါဝင်လှူဒါန်းကြတာရှိတယ်၊ ဂူဗိမ္မာန်ရော ရုပ်တုရောဆိုရင် သိန်းရာကျော် ကုန်ကျခံထားတာရှိတယ်” ဟု ပြောသည်။

အခမ်းနားတွင် ကြေးရုပ်တုတင်ခြင်း၊ ဂါရဝပြုခြင်းအပြင် လက်ရှိမွန်ညီညွတ်ရေးပါတီ ဥက္ကဌ နိုင်လဝီအောင်မှ မိန့်ခွန်းပြောကြားကာ ဘင်ခရာအဖွဲ့နှင့်တကွ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယင်းအပြင်  ယခုလာမည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင်  ဥက္ကဋ္ဌ နိုင်တင်အောင်၏ တစ်နှစ်ပြည့် ကွယ်လွန်ခြင်းနေ့တွင် ဗဟိုအဆင့် ဂါရဝပွဲအခမ်းအနားကျင်းပသွားရန်ရှိကြောင်း နိုင်ဆန်းက ဆက်ပြောသည်။

မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ နိုင်တင်အောင် (ခ) နိုင်တလနွန်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ၎င်း၏နေအိမ် ပင ကျေးရွာ ရွာလယ်ပိုင်းတွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

ယခုလက်ရှိ မွန်ညီညွတ်ရေးပါတီတွင် နိုင်မြင့်ဆွေ (ခ) နိုင်လဝ႘အောင် ဥက္ကဋ္ဌနေရာတွင် တာဝန်ယူလျှက်ရှိပြီး နိုင်တလညီနှင့် နိုင်ချမ်းတွဲ့တို့က ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Topics; #မွန်ညီညွတ်ရေပါတီ 

#MJP #ဥက္ကဋ္ဌ #ကြေးရုပ်တု #အရိုးဂူဗိမ္မာန် #မွန်စာပေနှင့်ယဉ်ကျေးမှုရုံး

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts