Sunday, May 10, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်-ရေးလမ်းမပေါ်တွင် ပရဟိတလူနာတင်ယာဥ်တစ်စီး မိုင်းဆွဲပေါက်ကွဲ၍ သေနတ်ဖြင့်လည်း ပစ်ခတ်ပစ်ခံရ၊ ယာဥ်မောင်းနှင့် နောက်လိုက်ဒဏ်ရာရရှိကာ ယာဥ်ပျက်စီးသွား

    သံဖြူဇရပ်-ရေးလမ်းမပေါ်တွင် ပရဟိတလူနာတင်ယာဥ်တစ်စီး မိုင်းဆွဲပေါက်ကွဲ၍ သေနတ်ဖြင့်လည်း ပစ်ခတ်ပစ်ခံရ၊ ယာဥ်မောင်းနှင့် နောက်လိုက်ဒဏ်ရာရရှိကာ ယာဥ်ပျက်စီးသွား

    -

    မွန်သတင်းအေဂျင်စီ (၉ စက်တင်ဘာ ၂၀၂၂)

    ရေးမြို့သို့ ညနက်ပိုင်းအချိန် ပြန်လာသော ပရိဟိတလူနာတင်ယာဥ်တစ်စီး သံဖြူဇရပ်မြို့နယ်ကားလမ်းမပေါ်တွင် ယနေ့နံနက် အစောပိုင်းက မိုင်းဆွဲပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး သေနတ်ဖြင့်လည်း ပစ်ခံရသည့်အတွက် ယာဥ်မောင်းနှင့် နောက်လိုက်နှစ်ဦးစလုံး စိုးရိမ်ဒဏ်ရာရရှိကာ ယာဥ်လည်းပျက်စီးသွားကြောင်း သိရသည်။ 

    ရေးမြို့ အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း လူနာတင်ယာဉ်သည် မော်လမြိုင်မြို့မှ ရေးမြို့သို့ ညပိုင်းအချိန်ပြန်လာစဉ် စက်တင်ဘာ ၉ ရက်နံနက်ပိုင်းအကူး (၀၀း ၂၀ နာရီ) အချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာအနီး မိုင်းနင်းမိပြီး လူနာတင်ယာဉ်ပျက်စီးခဲ့ကာ ယာဉ်မောင်းနှင့် နောက်လိုက်တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသင်းတာဝန်ရှိသူများထံမှ သတင်းရရှိသည်။

    “လူနာတင်ကားနှစ်စီး ရှေ့ဆင့်နောက်ဆင့်အတူ ပြန်လာတာ ရှေ့ကားက လွတ်သွားတယ်။ လူနာတင်ကားက မိုင်းကွဲတဲ့အရှိန်နဲ့ လူနာတင်ယာဥ်က လမ်းဘေးကုန်းပေါ်တခါထဲရောက်သွားတာ။ ကားကိုလည်း သေနတ်မှန်ထားတာရှိတယ်၊ ယာဉ်မောင်းလည်ပင်းတွေမှာ မိုင်းစတွေထိထားတော့ မော်လမြိုင်ဆေးရုံကြီးကို ချက်ချင်းပြန်ပို့ရတာ၊ ယာဥ်နောက်လိုက်က ဒဏ်ရာမများဘူး၊ ဒါပေမယ့် လူနာတင်ကားက တော်တော်လေးပျက်စီးသွားတယ်” ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

    ပိန္နဲတောကျေးရွာ အဝင်ကုန်းဆင်းတွင် ကားလမ်းဘေးမှ ပေါက်ကွဲမှုတစ်ခုဖြစ်၍ လူနာတင်ယာဉ် အမှတ်(၃) လမ်းဘေးသို့မြောက်တက်ထိုးကျသွားပြီး ယာဉ်မောင်း နေလင်းဦး(ခ)အဘစ်နှင့် ယာဉ်နောက်လိုက် ညီလင်းထွန်း(ခ)ဇူးဇူးတို့ နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

    ယာဉ်မောင်း နေလင်းဦး (ခ) အဘစ်မှာ ဝဲဘက်မေးရိုးအောက် ဖောက်ဝင်ဒဏ်ရာ (၃) ချက်၊ ဝဲမျက်ခုံးပြတ်ရှဒဏ်ရာ (၁) ချက်၊ အနောက်ပိုး (ဇက်) ပေါက်ပြဲဒဏ်ရာ (၁) ချက်၊ ရင်ဘက်တွင် မိုင်းအစ (၈) ချက် ရရှိသွားပြီး ယာဥ်နောက်လိုက် ညီလင်းထွန်း (ခ) ဇူးဇူး ဖူးယောင်ဒဏ်ရာ (၁) ချက် ရရှိသွားကြောင်း ရေးမြို့ အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ၏ လူမှုကွန်ယက်တွင် ရေးသားဖော်ပြသည်။

    “အပြန်လမ်းမှာ ယာဉ်နှစ်စီးလုံး အပေါ်မီးတန်း၊ ကားအတွင်းခန်းမီးများဖွင့် ကားတံခါးမှန် (၄) ချပ်လုံးချထားပြီး မောင်းနှင်လာခဲ့တယ်၊ ကျနော်တို့အသင်းကားတွေဟာ မည်သည့်အဖွဲ့အစည်းမဆို တာဝန်အရ စစ်ဆေးခြင်းကို ကြည်ဖြူစွာ အစစ်ဆေးခံယူအသင်းအဖွဲ့ဖြစ်ပါတယ်”ဟု ၄င်းက ဆိုသည်။

    ယမန်နေ့က ဆိုင်ကယ်မတော်တဆဖြစ်မှုကြောင့် ထိခိုက်ဒဏ်ရာရလူနာ (၂) ဦးအား အဆိုပါ လူနာတင်ယာဉ် (၂) စီးဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီးနောက် ရေးမြို့သို့ပြန်လာစဉ် မိုင်းနင်းမိပေါက်ကွဲခြင်း ဖြစ်သည်။

    ရေး-သံဖြူဇရပ် ကားလမ်းပိုင်းကို ည ၉ နာရီခွဲအချိန်မှ နံနက် ၄ နာရီအတွင်း မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းသွားခြင်း လုံးဝ(လုံးဝ) မပြုရန် မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်ထားကြောင်း Online ပေါ်က သိရသည်။

    Topic; #ပရဟိတ #ရေးမြို့ #မိုင်းဆွဲခံရ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks