Homeသတင်းပေါင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ပေါက်ကွဲမှု ဖြစ်ပွား

ပေါင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ပေါက်ကွဲမှု ဖြစ်ပွား

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၃၀)

ရန်ကုန်-မော်လမြိုင် ကားလမ်းမ‌ကြီး ဘေးရှိ ပေါင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဩဂုတ်လ ၂၈ ရက် ည ၆ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

“အသံအကျယ်ကြီး အရင်ဆုံးကြားတာ ချက်ချင်းတော့ မထွက်ကြည့်ဘူး။ ခဏနေမှ ထွက်ကြည့်ကြတာ ရုံးထဲက မီတာခကောက်နေကြ ကောင်တာနားမှာ ပေါက်တာလို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လူနှင့် ရုံးအဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ ထို့နောက်

လုံခြုံရေးအဖွဲ့ဝင်များ ရောက်ရှိလာကာ ရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့များမှ လမ်းသွားလမ်းလာ ဆိုင်ကယ်နှင့် ကားများကို စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်အင်ဂျင်နီယာရုံးကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့သေးသည်။ သို့သော်လည်း ပေါက်ကွဲမှုကြောင့် လူ နှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။

Topics; #ပေါင် #လျှပ်စစ်အင်ဂျင်နီယာရုံး #ပေါက်ကွဲမှု

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts