Homeသတင်းမော်လမြိုင်မြို့တွင် လူသတ်ပြီး ပစ္စည်းလုယက်မှု ဖြစ်ပွား

မော်လမြိုင်မြို့တွင် လူသတ်ပြီး ပစ္စည်းလုယက်မှု ဖြစ်ပွား

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၁၈)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အောင်သုခရပ်၊ ဓါတ်ပေါင်းစေတီလမ်း၊ (၈) အိမ်စုတွင် လူသတ်ပြီး ရွှေဆွဲကြိုးနှင့်လက်ကောက် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၅နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသတ်ခံရသူမှာ မသီတာဝင်းဆိုသူဖြစ်ကြောင်း ‌သိရသည်။

Mawlamyine Rescue အဖွဲ့မှ “ကျနော်တို့ကို ဆက်သွယ်တာက ၆ နာရီကျော်နေပြီ။ သူတို့အိမ်ရဲ့ စီစီတီဗီကို ပြန်ကြည့်တဲ့အခါကျတော့ ငါးနာရီခွဲ ဝန်းကျင်လောက်က ဖြစ်သွားတယ်လို့ ပြောတယ်။ ကျနော်တို့ ရောက်တော့ အသက်မရှိတော့ဘူး”ဟု တာဝန်ရှိသူက ပြောသည်။

သေဆုံးသူ၏ လည်ပင်းနေရာတွင် ထိုးသွင်းပြတ်ရှ ဒဏ်ရာတစ်ခုသာ တွေ့ရှိခဲ့ရကြောင်း၊ ၎င်းဝတ်ဆင်ထားသော ရွှေထည်ပစ္စည်းများကို ယူဆောင်သွားသောကြောင့် လုယက်မှုသာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“သူဝတ်ဆင်ထားတဲ့ ရွှေထည်၊ လက်ဝတ်လက်စားတွေ ပါသွားတယ်။ လူသတ်ပြီး လက်ဝတ်လက်စားတွေ လုယက်သွားတာပါ” ဟု ၎င်းက ပြောသည်။

သေဆုံးခဲ့သည့် မသီတာဝင်း ၏ ရုပ်အလောင်းကို သက်ဆိုင်ရာမှ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး မော်လမြိုင်အရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Topics; #မော်လမြိုင် #လုယက်မှု #ရုပ်အလောင်း  #သေဆုံး

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts