Homeသတင်းမွန်ပြည်နယ်အတွင်း ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း ၂၀ ရာခိုင်နှုန်းကျော် လုံးဝရပ်နားထား

မွန်ပြည်နယ်အတွင်း ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း ၂၀ ရာခိုင်နှုန်းကျော် လုံးဝရပ်နားထား

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၆)

မွန်ပြည်နယ်အတွင်းက ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ ၂၀ရာခိုင်နှုန်း‌ကျော်မှာ လုံးဝ ရပ်နားထားရကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ကိုဗစ်ရောဂါဖြစ်ပွားသည့် အချိန်မှ စတင်ကာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု သိသိသာသာ ကျဆင်းလာကြောင်း၊ ထို့ပြင် နိုင်ငံရေးအခြေအနေကြောင့်လည်း ခရီးသွားဝင်ရောက်မှု နည်းလာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ချို့ လုပ်ငန်းရပ်နားလာကြကြောင်း ၎င်းက ပြောသည်။

“ကိုဗစ်စဖြစ်ထဲက ယက်ကန်ယက်ကန်နဲ့ ကျနော်တို့ ရပ်တည်လာခဲ့ရတာပေါ့။ အခု နိုင်ငံရေးအခြေအနေနဲ့ ဆိုတော့ ခရီးသွားက မဝင်တော့ဘူး။ ခရီးသွားမဝင်ရင် ကျနော်တို့လည်း ရပ်တည်ဖို့ အရမ်းခက်ခဲပါတယ်။ အခုဆို ၂၀ ရာခိုင်နှုန်းလောက်က အပြီး ရပ်နားကုန်ပြီ”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်မှာတော့ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းပေါင်း ၇၆ လုံး ရှိပြီး လက်ရှိတွင် ရပ်နားထားသော ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း ၁၈လုံး ရှိကြောင်း သိရသည်။

ထို့ပြင် စက်သုံးဆီဈေးနှုန်းလည်း မြင့်တက်လာသောကြောင့် မီးစက်ဖြင့် လည်ပတ်ရာတွင် ငွေကြေး ကုန်ကျမှု ပိုများနေကြောင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အခုက မီးက မမှန်ဘူးလေ။ မီးပျက်တာနဲ့ မီးစက်နှိုးပြီး လည်ရတာ။ အရင်က ဧည့်သည်ဝင်တယ်လေ။ အခုက အရင်လောက် ဧည့်သည်မရှိတော့ ဆီဖိုးနဲ့က မကာမိဘူး”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ဝန်ထမ်းအင်အားလျော့ချခြင်း၊ အစားအသောက်များကို ယခင်ထက် ပိုမို စနစ်တကျ ပြင်ဆင်ခြင်း၊ စိစစ်ခြင်းများကို လုပ်ဆောင်နေကြကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ် – ၁၉ ရောဂါ စတင်ဖြစ်ပွားသည့် အချိန်မှ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက် လျော့ကျလာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အာဏာယူပြီးနောက် ညမထွက်ရအမိန့်များ အပါအဝင် လုံခြုံရေး အခြေအနေကြောင့် ပြည်တွင်းပြည်ပ ခရီးသွား ဝင်ရောက်မှု မရှိသလောက် နည်းပါးလာခဲ့သည်။

Photo – internet

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts