Homeသတင်းမွန်ဝန်ကြီးချုပ်ကို စွဲဆိုထားသော ပုဒ်မ ၁၃၀(က) အမှု အမိန့်မချဘဲ ရုံးချိန်းထပ်မံရွေ့ဆိုင်း

မွန်ဝန်ကြီးချုပ်ကို စွဲဆိုထားသော ပုဒ်မ ၁၃၀(က) အမှု အမိန့်မချဘဲ ရုံးချိန်းထပ်မံရွေ့ဆိုင်း

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၆)

ထောင်ဒဏ် ၂၃ နှစ် အမိန့်ချမှတ်ခံထားရသည့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စွဲဆိုထားသော ပုဒ်မ ၁၃၀(က) အမှုကို အမိန့်မချဘဲ ရုံးချိန် ထပ်မံရွေ့ဆိုင်းခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲမလျော်ဩဇာသုံးခဲ့သည်ဟု စွဲဆိုထားသော ပုဒ်မ ၁၃၀ (က) အမှုကို ဇူလိုင် ၅ ရက်တွင် အမိန့်ချမှတ်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ထပ်မံရွေ့ဆိုင်းခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

အဆိုပါရုံးချိန်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ အမှုတွဲ မရောက်လာတာကြောင့် ရုံးချိန်း ရွေ့ဆိုင်းရခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူ တစ်ဦးထံက သိရသည်။

လာမည့် ရုံးချိန်းကို ဇူလိုင် ၁၁ ရက်သို့ ထပ်မံရွေ့ဆိုင်းလိုက်ပြီး အဆိုပါ ရုံးချိန်းတွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က ဒေါက်တာအေးဇံကို စွဲဆိုထားသော ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ) နှင့် အမှု ၂ မှုအတွက် ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့သည်။

ဒေါက်တာ အေးဇံကို လက်ရှိတွင် အဂတိမှု ၉မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်ထားပြီး ၅၀၅ (ခ) နှင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts