Homeသတင်းသဘာဝတောတောင်၊ ရေမြေထိန်းသိမ်းရေးအတွက် ဇင်းကျိုက်မွန်လူငယ်များ သစ်ပင်စိုက်ပျိုး

သဘာဝတောတောင်၊ ရေမြေထိန်းသိမ်းရေးအတွက် ဇင်းကျိုက်မွန်လူငယ်များ သစ်ပင်စိုက်ပျိုး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၅)

မွန်ပြည်နယ် ဇင်းကျိုက်မြို့ ဇင်းကျိုက်ဒေသရှိ သဘာဝတောတောင် ရေမြေထိန်းသိမ်း ကာကွယ်ရေးအတွက် ဇင်းကျိုက် အရိယဝံသကျောင်းမှ သံဃာတော်များ၊ မွန်လူငယ်များမှ ဇူလိုင် ၃ ရက်က ဒုတိယအကြိမ် သစ်ပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဇင်းကျိုက်မှာ သဘာဝတောတောင်၊ ရေမြေပတ်ဝန်းကျင်  ပျက်စီးမှုများလာကြောင်း၊ သဘာဝဘေး အန္တရာယ်ကြောင့် ပတ်ဝန်းကျင် မပျက်စီးရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မွန်ဆရာတော် သာသန မွန်သတင်းအေဂျင်စီကို မိန့်သည်။

“ဒီသဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရေးနဲ့ ပတ်သက်ပြီး အဓိက လူငယ်တွေကို လမ်းညွန်ပြပေးတယ်။ အနာဂတ်မှာ ဒီပတ်ဝန်းကျင်တွေ သဘာဝဘေးအန္တရယ်ကြောင့် မပျက်စီးအောင် သူတို့ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် လုပ်ဆောင်ခြင်းဖြစ်တယ်” ဟု ဆရာတော်က မိန့်သည်။

ဇင်းကျိုက်ဒေသတစ်လျှောက်တွင် မွန်လူငယ်များ အဓိက စိုတ်ပျိုးခဲ့သည့်  နှစ်ရှည်ပင်မှာ  မဟော်ဂနီပင်ဖြစ်ပြီး အပင် ၂၀၀ စိုက်ပျိုးဖြစ်ကြောင်း၊ ယခင်နှစ်ကလည်း ၂၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း ဇင်းကျိုက်ဒေသတွင် နေထိုင်သည့် မွန်လူငယ်များ စုပေါင်းကာ သစ်ပင်စိုက်ပျိုးခြင်းကို စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts