Homeသတင်းမော်လမြိုင်-ရန်ကုန် မီးရထားခ ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်

မော်လမြိုင်-ရန်ကုန် မီးရထားခ ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁)
မော်လမြိုင် – ရန်ကုန် ‌ပြေးဆွဲနေသော မီးရထားလက်မှတ်နှုန်းထားများကို ယနေ့ (ဇူလိုင် ၁ ရက်)မှ စတင်ကာ ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားဌာနမှ သိရသည်။
စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုကြောင့် ရထားလက်မှတ်ခများကို တိုးမြင့်ကောက်ခံရခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားဌာန(မော်လမြိုင်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မော်လမြိုင်-ရန်ကုန် ရထားလမ်းကြောင်းအတွင်းရှိ ကြားဘူတာများသို့ လိုက်ပါစီးနှင်းမည့် ခရီးသည်များအတွက် လက်မှတ်ခကိုလည်း မြို့အလိုက် နှုန်းထားတွက်ချက်ကာ တိုးမြင့်ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခင်က မော်လမြိုင် – ရန်ကုန် အထူးတန်း လက်မှတ်တစ်စောင်ကို ၄၂၅၀ ကျပ် ဖြစ်ပြီး ရိုးရိုးတန်း လက်မှတ် ၂၁၅၀ ကျပ် ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၁ရက်မှ စတင်ကာ အထူးတန်း လက်မှတ်တစ်စောင် ၇၀၅၀ ကျပ် ဖြစ်ပြီး ရိုးရိုးတန်း လက်မှတ်တစ်စောင်ကို ၃၅၅၀ ကျပ် တိုးမြင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်မြို့မှ ဒေသခံတစ်ဦးက “ကြားဘူတာတွေကျတော့ ရထားသွားရင် ပိုအဆင်ပြေတာပေါ့။ ပစ္စည်းရော၊ လူရော သွားလို့အဆင်ပြေတယ်။ ဈေးတက်လည်း တက်ပေါ့။ ကားခတွေလည်း တက်နေတာပဲလေ”ဟု ပြောသည်။
အလားတူ ရန်ကုန် – မန္တလေး၊ ရန်ကုန်- ထားဝယ်သို့ ပြေးဆွဲနေသော ရထားလိုင်းများလည်း လက်မှတ်ဈေးနှုန်း တိုးမြင့်လိုက်ကြောင်း မြန်မာမီးရထားဌာန ထုတ်ပြန်ထားသည်။
လက်ရှိတွင် မော်လမြိုင် ဘူတာကြီးတွင် မနက် ၈ နာရီတွင် မော်လမြိုင်-ရန်ကုန်နှင့် ည ၆ နာရီမှာ ရန်ကုန်- မော်လမြိုင်တစ်စီးသာ ပြေးဆွဲနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts