Homeသတင်းလယ်ကွင်းတွင် ရေတင်ကျန်မှုများကြောင့် ပေါင်မြို့နယ်မှ စပါးကြဲခင်းများပျက်ဆီး

လယ်ကွင်းတွင် ရေတင်ကျန်မှုများကြောင့် ပေါင်မြို့နယ်မှ စပါးကြဲခင်းများပျက်ဆီး

-

မွန်သတင်းအေဂျင််စီ (၂၀၂၂ ဇွန် ၂)

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မိုးများဆက်တိုက်ရွာသွန်းပြီး လယ်ကွက်များအတွင်း ရေတင်ကျန်ခဲ့သောကြောင့် ကြဲထားသော မျိုးစေ့အခြောက်များ အားလုံးနီးပါး ပျက်စီးခဲ့သည်ဟု ဇင်းကျိုက်ရှိ ဒေသခံများထံမှ သိရသည်။

မေလ ၂၀ ရက်နေ့ မတိုင်ခင်က ကြဲထားသော အဆိုပါ မျိုးစေ့ခြောက်များမှာ လယ်ကွက်များအတွင်း ရေတင်နေသည့် ရက်ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ဇင်းကျိုက်ရှိ လယ်ပိုင်ရှင် ဒေါ်ချိုက ဆိုသည်။

“ပြီးခဲ့တဲ့ ရက်က မုန်တိုင်းငယ်တိုက်ပြီးထဲက ရေကျန်တာ။ မိုးကလည်း မပြတ်တော့ အကုန်ပျက်စီးကုန်ရော။ ကျွန်မတို့ ဆယ်သိန်းဖိုးလောက် မျိုးစေ့တွေ ပျက်စီးကုန်တယ်။ တခြားလူတွေလဲ ပျက်ဆီးကုန်ကြတယ်”ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

လယ်ကွက်များအတွင်း ရေတင်ကျန်မှုကြောင့် မျိုးစေ့ခြောက်ကြဲ စပါးအခင်း ၁၂ ဧက ကျော်ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ၁၀ သိန်းနီးပါးရှိကြောင်း ၎င်းက ပြောသည်။

 အဆိုပါ ပျက်စီးမှုကြောင့် မျိုးစေ့အစိုများဖြင့် ပြန်ကြဲထားကြောင်း ၎င်းက ဆက်ပြောသည်။

ပေါင်မြို့နယ်အတွင်း ယခုနှစ်မိုးစပါးချေးငွေကို မေလ ၁၅ ရက်နေ့မှ စတင်ထုတ်ချေးနေပြီး ရွာအလိုက် အလှည့်ကျစနစ်ဖြင့် ထုတ်ချေးပေးနေကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ပေါင်မြို့နယ်တွင် မိုးစပါးစိုက်ဧက တစ်သိန်းသုံး‌သောင်းကျော်ရှိပြီး ယခုနှစ်တွင် မိုးစပါးချေးငွေကို ပေါင်မြို့နယ်အတွက် ကျပ်သန်းပေါင်း တစ်သောင်းကျော် ထုတ်ချေးသွားမည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts