Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ကူးစက်ရောဂါဖြစ်ပွားသူ ၃၀၀ ကျော်ရှိ

    မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ကူးစက်ရောဂါဖြစ်ပွားသူ ၃၀၀ ကျော်ရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၂၅)

    မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ရောဂါဖြစ်ပွားသူ (၃၀၀) ကျော်ရှိနေပြီ ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

    မြန်မာနိုင်ငံတွင် မွန်ပြည်နယ်သည် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးတွင် တတိယနေရာ၌ ရှိနေကြောင်း ၎င်းက ပြောသည်။

    “သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းက မြန်မာနိုင်ငံမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းပြီးရင် မွန်ပြည်နယ်က ဖြစ်ပွားမှုနှန်းက အများဆုံးပါဘဲ။ အခုလက်ရှိ စာရင်းအရ မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၃၀၀) ကျော်ရှိနေပါပြီ”ဟု ဒေါက်တာနန္ဒဝင်းက ပြောသည်။

    သွေးလွန်တုပ်ကွေးဖြစ်ပွားနေသော ကလေးများသည် စိုးရိမ်ရသည့်အနေအထားတွင် ရှိနေပြီး ဆေးရုံစာရင်းဇယားအရ သေဆုံးသူစာရင်းမရှိသေးကြောင်း၊ ရပ်ကွက်ကျေးရွာများအတွင်းလည်း သွေးလွန်တုပ်‌ကွေးကြောင့် သေဆုံးသူ ရှိ၊ မရှိ ပြန်လည်စိစစ်နေကြောင်း ၎င်းက ပြောသည်။

    လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ ဆေးရုံအားလုံးကို တပ်လှန့်ထားပြီး အရေးပေါ်လိုအပ်မည့် ဆေးဝါး ဆေးအထောက်အကူပစ္စည်းများ အဆင်သင့်ဖြစ်နေရန် ကြိုးစားထားကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ကူးစက်ရောဂါဖြစ်ပွားသူ များလာနိုင်ကြောင်း၊ သွေးလွန်တုတ်ကွေး ဟုတ်၊ မဟုတ်ကို ဖျားနာပြီး ၃ရက်အကြာတွင် စစ်ဆေးပေးနိုင်သော Test kit များကိုလည်း စတင်စုဆောင်းနေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

    ‌မိုးရာသီစပြီဖြစ်သောကြောင့် က‌လေးများ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်လာမည်ကို စိုးရိမ်နေရကြောင်း မိခင်တစ်ဦးက ပြောသည်။

    “အိမ်မှာကျတော့လေ ကြည့်နေလို့ ရတာပေါ့နော်။ အခုက ကျောင်းတွေ ဖွင့်တော့မယ်ဆိုတော့ စိုးရိမ်စိတ်တော့ရှိတယ်။ ကျောင်းမှာကျတော့ ကလေးကို မမြင်ရဘူးလေ။ ခြင်ကိုက်လည်း သိမှာမဟုတ်ဘူး ကလေးဆိုတော့။ အဲဒါတော့ စိတ်ပူမိတာပေါ့”ဟု ၎င်းက ပြောသည်။

    ်။မိဘများအနေဖြင့် ကလေးနေမကောင်းဖြစ်လျှင် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်လိုအပ်ပြီး သွေးလွန်တုပ်ကွေး လက္ခဏာများဖြစ်သည့် ‌အပြင်းဖျားခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းမည်းသွားခြင်း ဖြစ်ပါက ချက်ချင်း ဆေးရုံဆေးခန်းသို့ ပို့ဆောင်သင့်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

    သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။ ဓါတ်ပုံ – မြန်မာတိုင်း(မ်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks