Homeသတင်းမော်လမြိုင်မြို့နယ်အတွင်း မီးသွေး ဈေးနှုန်း ယမန်နှစ်ထက် နှစ်ဆ မြင့်တက်လာ

မော်လမြိုင်မြို့နယ်အတွင်း မီးသွေး ဈေးနှုန်း ယမန်နှစ်ထက် နှစ်ဆ မြင့်တက်လာ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၁)

မော်လမြိုင်မြို့နယ်အတွင်း မီးဖိုချောင်သုံး မီးသွေး ဈေးနှုန်းများ ယမန်နှစ်ထက် စျေးနှုန်းနှစ်ဆ မြင့်တက်လာကြောင်း ထင်းနှင့် မီးသွေး ရောင်းဝယ်နေသူများထံက သိရသည်။

လျှပ်စစ်မီး ပြတ်တောက်မှု နှင့် မီတာခ ဈေးတက်လာမှုများကြောင့် ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် နေအိမ် အများစုတွင် မီးသွေးကို သုံးစွဲနေကြခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နှစ်က မီးသွေးတစ်အိတ် ၂၂၀၀ကျပ် ဈေးရှိခဲ့သော်လည်း လက်ရှိအချိန်တွင် မီးသွေးတစ်အိတ် ၄၅၀၀ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ကြောင်း မောင်ငံရပ်ကွက်မှ ထမင်းဆိုင် ရောင်းချနေသူ တစ်ဦးက ပြောသည်။

“အရင်နှစ်တုန်းက မီးသွေးသုံးတယ် အဲတုန်းက တစ်အိတ်ကို ၂၂၀၀ ပဲ။ ဈေးတက်လာရင် ၂၅၀၀ အဲလောက်ပဲ။ အခုက ၄၅၀၀ ထိကို တက်သွားတယ်”ဟု ၎င်းက ပြောသည်။

မီးသွေးအပြင် တစ်ခြားကုန်ကျစရိတ်မျ တက်လာသောကြောင့် ထမင်းနှင့် ဟင်းကိုလည်း ယခင်ထက် ဈေးတက်ကာ ရောင်းနေရကြောင်း ဆက်ပြောသည်။

အချိန်အကန့်အသတ်ဖြင့် လျှပ်စစ်မီး ရရှိနေသောကြောင့် ထင်း၊ မီးသွေးကို အဓိကအားထား သုံးစွဲနေရ‌သော်လည်း မီးသွေးဈေး နှစ်ဆ မြင့်တက်လာ‌သောကြောင့် အခက်အခဲကြုံနေရကြောင်း သိရသည်။

မီးသွေးဖုတ်သည့် လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “ ကျွန်တော်တို့က ကုန်ကြမ်းလောင်စာ ထင်းလိုတယ်။ အခု ထင်းက ဈေးတွေ တက်လာတော့ မီးသွေးပါ ဈေးတက်ကုန်တာ။ အဲဒါအပြင် အလုပ်သမားစရိတ်၊ သယ်ယူစရိတ်တွေက မြင့်တက်လာတော့ အဲဒီ ကုန်ကျစရိတ်ပါ ပေါင်းထည့်ရတော့ ဈေးတက်ကုန်တာပေါ့” ဟု ပြောသည်။

ထင်းနှင့် မီးသွေးသာမက အခြေခံစားသောက်ကုန်များ ဈေးတက်လာသောကြောင့် ဝင်ငွေနည်းသော အခြေခံလူတန်းစား မိသားစုများအတွက် အခက်အခဲဖြစ်လာကြောင်း သိရသည်။

ဓါတ်ပုံ – KIC

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts