Homeသတင်းသထုံဒေသထွက် ရာသီပေါ် နာနတ်သီးများ ရန်ကုန်စျေးကွက်သို့ စတင်တင်ပို့

သထုံဒေသထွက် ရာသီပေါ် နာနတ်သီးများ ရန်ကုန်စျေးကွက်သို့ စတင်တင်ပို့

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၁)

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းက ထွက်ရှိသော နာနတ်သီးများကို ရန်ကုန်‌‌ဈေးကွက်သို့ စတင် တင်ပို့နေပြီဖြစ်ကြောင်း နာနတ်သီးစိုက်တောင်သူများထံမှ သိရသည်။

ရန်ကုန်ဈေးကွက်သို့ တင်ပို့ရာတွင် လက်ငင်း ငွေချေသည့်အတွက် တောင်သူများ ငွေကြေးအဆင်ပြေကြောင်း သထုံမြို့နယ်မှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ကိုင်သူ မအိမှုံက ပြောသည်။

“အဓိကက ရန်ကုန်‌ဈေးကွက်ကို တင်ပြီးရောင်းတာပေါ့။ ဝယ်တာက လက်ငင်းဝယ်တယ်။ ငွေချက်ချင်းချေတော့ အဆင်ပြေတာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် နာနတ်သီး စတင်ခူးလို့ရသည့် အ‌ခြေအနေ ဖြစ်သောကြောင့် ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နာနတ်သီး အရွာ်အစားအလိုက် အသေး တစ်လုံး ၃၀၀ ကျပ်၊ အလတ် ၄၀၀ ကျပ်နှင့် အကြီးတစ်လုံး ၅၀၀ မှ ၆၀၀ ကျပ်ထိ ဈေးရရှိကြောင်း သိရသည်။

သထုံမြို့နယ် ဘင်လှိုင်ရပ်ကွက်မှ နာနတ်သီးစိုက် တောင်သူ တစ်ဦးက “ဒီမှာက တစ်နိုင်တစ်ပိုင် စိုက်တဲ့သူတွေလည်းရှိတယ်။ စီးပွားဖြစ်စိုက်တဲ့ သူတွေလည်းရှိတယ်။ အကုန်ကျ အရမ်းမများတဲ့အတွက် အဆင်ပြေတယ်။ အခုဆို ဈေးကွက်လည်းရှိတော့ ပိုအဆင်ပြေတာပေါ့”ဟု ပြောသည်။

နာနတ်သီးက အရင်းအနှီးနည်းသည့်ရာသီပေါ်သီးနှံဖြစ်သည့်အပြင် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိသော  သီးနှံဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သထုံဒေသထွက် နာနတ်သီးများကို ရန်ကုန်စျေးကွက်အပြင် ပဲခူး၊ နေပြည်တော် စျေးကွက်အတွင်းသို့လည်း တင်ပို့ရောင်းချနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts