Homeသတင်းအခြေခံပညာကျောင်း စာမေးပွဲအောင်စာရင်း ဧပြီ ၂၄ တွင် ထုတ်ပြန်မည်

အခြေခံပညာကျောင်း စာမေးပွဲအောင်စာရင်း ဧပြီ ၂၄ တွင် ထုတ်ပြန်မည်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂၊ ဧပြီ ၁၉)

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းစာမေးပွဲများ၏ အောင်စာရင်းကို ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်မည်ဟု ပညာရေးမှူးရုံးမှ သိရသည်။

ယခင်နှစ်များတွင် အခြေခံပညာကျောင်းများ၏ အောင်စာရင်းကို နှစ်ဆန်းတစ်ရက်နေ့တွင် ထုတ်ပြန်လေ့ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျမှ ထုတ်ပြန်နိုင်ကြောင်း မွန်ပြည်နယ် ပညာရေးအသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရောဂါအခြေအနေတွေရော၊ နိုင်ငံရေးအခြေအနေတွေကြောင့် စာဖြေတာကလည်း နောက်ကျတယ်။ အခြေခံ ပညာစာမေးပွဲတွေပြီးတော့ တက္ကသိုလ်ဝင်တန်းတွေက ဆက်ဖြေတယ်။ အဲ့တာပြီးတော့ သင်္ကြန်ပိတ်ရက်ဆက်သွားတော့ စာစစ်ဖို့  အချိန်ယူတာနဲ့ ၂၄ ရက်နေ့မှ ထုတ်ပြန်နိုင်မှာ။ ကျောင်းတွေမှာ အရင်လိုပဲ စာရွက်ကပ်ထုတ်ပြန်မှာပါ”ဟု ၎င်းက ပြောသည်။

၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမည့် ကာလကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ဇွန်လ ၂ရက်နေ့တွင် ကျောင်းများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဟု သိရသည်။

အခြေခံပညာကျောင်းများ အတန်းတင် စစ်ဆေးခြင်းကို မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာကျောင်းအုပ်များ၊ မြို့နယ်ပညာရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို အောင်စာရင်းထုတ်ပြန်နိုင်ရန် အဆင်သင့်ပြင်ဆင်ထားဖို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် အခြေခံပညာအတန်းများ အားလုံး ၃လခွဲတာ ကာလအတွင်း သင်ရိုးညွှန်းတမ်းများပြတ်အောင်သင်ကြားခဲ့ရခြင်း ဖြစ်ပြီး နှစ်စဥ် ကျောင်းပိတ်နေကျဖြစ်သည့် ပိတ်ရက်များကိုပါ လျော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်ရမယ့် ကျောင်းသား၊ ကျောင်းသူ ခန့်မှန်း ၉ သန်းကျော် ရှိသော်လည်း ကျောင်းတက်သူဦးရေ ၂၀ ရာခိုင်နှုန်းအောက်မှသာ ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts