Homeသတင်းKNU တပ်မဟာ ၁ နယ်မြေအတွင်းမှ တပ်မတော်စခန်းများ ဆုတ်ခွာရန် ထုတ်ပြန်

KNU တပ်မဟာ ၁ နယ်မြေအတွင်းမှ တပ်မတော်စခန်းများ ဆုတ်ခွာရန် ထုတ်ပြန်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၀)

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၁ နယ်မြေ သထုံခရိုင် အတွင်းရှိ တပ်မတော်စခန်းများ မိမိတို့ နယ်မြေမှ ဆုတ်ခွာရန် KNDO မှ ယနေ့ (ဧပြီ ၂၀ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

တပ်မဟာ ၁ KNDO တပ်ရင်း (၂) နယ်မြေအတွင်းတွင် တပ်စွဲ ထားသည့် တပ်မတော်များ၏ (လေးကေ)စခန်းနှင့် (ဝင်းတာပန်) စခန်းတို့သည် ၂၃-၄-၂၀၂၂ ရက် ည ၆ နာရီ နောက်ဆုံးထားပြီး စခန်းဆုတ်ခွာရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ မိမိတို့ နယ်မြေအတွင်း စခန်းများ ဆုတ်ခွာခြင်းမရှိပါက စစ်ရေးအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် နိုင်ငံအနှံအပြားရှိ တိုင်းရင်းသားပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှင်းပန်နှိပ်စက်ခြင်း၊ အိမ်ထောင်သည်နှင့် ကလေးသူငယ်များပါမကျန် မုဒိမ်းကျင့်ခြင်း၊ အိုးအိမ်စည်းစိမ်များအား မထင်ရင် မထင်လျင် မထင်သလို မီးရှို့ဖျက်စီးခြင်း အစရှိသဖြင့် ပြုမူဆက်ဆံနေခြင်းများ ရှိနေခြင်းကြောင့် မိမိတို့နယ်မြေအတွင်း နေထိုင်ခွင့် မပြုနိုင်ကြောင့် ဖော်ပြထားသည်။

ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO နှင့် ပူးပေါင်းလိုပါက သတ်မှတ်ရက် မတိုင်မီ ဆက်သွယ်ရန်နှင့် ထွက်ခွာရန် လမ်းကြောင်းနှင့် အချိန်အား တိကျစွာ ကြိုတင်ညှိနှိုင်းရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts