Homeသတင်းသင်္ကြန်ကာလအတွင်း မွန်ပြည်နယ်က အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲပေးမည်

သင်္ကြန်ကာလအတွင်း မွန်ပြည်နယ်က အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲပေးမည်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၁၂)

သင်္ကြန်ကာလအတွင်း မွန်ပြည်နယ်က အဝေးပြေးယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်‌ကြောင်း အဝေးပြေးယာဉ်လိုင်း လုပ်ငန်းရှင်များထံက သိရသည်။

သင်္ကြန်ကာလအတွင်း ခရီးသည်များ ခရီးသွားလာမှု အဆင်ပြေစေရန်နှင့် ကုန်ပစ္စည်းများ တင်ပို့မှုများ ရှိနေသောကြောင့် ပုံမှန်အတိုင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း မော်လမြိုင်-ရန်ကုန်သို့ ပြေးဆွဲနေသောယာဉ်လိုင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“သင်္ကြန်ကာလဆိုပေမယ့် ခရီးသွားမယိ့ သူတွေလည်း ရှိနေတုန်းပဲ။ ပြီးတော့ ကုန်ပစ္စည်းတွေ အခုနောက်ပိုင်း ကုန်ပစ္စည်းတွေကို အဓိကအားထားပြီး သွားနေရတာဆိုတော့ အရင်လိုပဲ ကားတွေကို ပြေးဖိူ့ စီစဉ်ထားတယ်”ဟု ၎င်းက ပြောသည်။

တစ်ချို့ ယာဉ်လိုင်းများသည် ကားအစီးရေ အကန့်အသတ်ဖြင့် ပြေးဆွဲရန် စီစဉ်နေကြပြီး အချို့ ယာဉ်လိုင်းများသည် တစ်ရက်လျင် တစ်စီးနှုန်း ပုံမှန်ပြေးဆွဲရန် စီစဉ်ထားကြောင်း လုပ်ငန်းရှင်များက ပြောသည်။

မွန်ပြည်နယ်အတွင်း တိုင်းနှင့် ပြည်နယ်အသီးသီးကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်း ၇၀ ကျော် ရှိကြောင်း သိရသည်။

လက်ရှိ သင်္ကြန်ကာလအတွင်း၌ တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ပုံမှန်အတိုင်း ပြေးဆွဲမည့် အဝေးပြေးယာဉ်လိုင်း ၂၅လိုင်းကျော် ရှိကြောင်း သိရသည်။

တစ်ချို့ယာဉ်လိုင်းများသည် ပုံမှန် လေးစီး ပြေးဆွဲနေသော်လည်း သင်္ကြန်ကာလအတွင်း၌ နှစ်စီးသာ ပြေးဆွဲရန် စီစဉ်ထားကြောင်း ယာဉ်လိုင်းလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“ပုံမှန်အတိုင်းပြေးဆွဲသွားမှာပါ။ ကားအကုန်လုံးတော့ မပြေးဘူး။ နှစ်စီးကိုပဲ ပုံမှန်အတိုင်းထွက်ဖို့ စီစဉ်ထားတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်း၊ ခရီးသည် မရရှိခြင်းကြောင့် ယာဉ်လိုင်း ၂၀ ကျော် ပြေးဆွဲမှု ရပ်နားလိုက်ကြောင်း သိရသည်။

မော်လမြိုင်အဝေးပြေးယာဉ်ရပ်နားစခန်း

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts