Homeသတင်းပွင့်လင်းအေးမြိုင်စစ်ရှောင်စခန်း နာမည်ဖြင့် လိမ်လည်အလှူခံသူကို ဥပဒေအရ တရားစွဲမည်

ပွင့်လင်းအေးမြိုင်စစ်ရှောင်စခန်း နာမည်ဖြင့် လိမ်လည်အလှူခံသူကို ဥပဒေအရ တရားစွဲမည်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၂၅)

ကရင်ပြည်နယ်၊ မြဝတီမြို့ ပွင့်လင်းအေးမြိုင် ဘုန်းတော်ကြီးကျောင်းရှိ ပွင့်လင်းအေးမြိုင် စစ်ရှောင်စခန်း နာမည်ဖြင့် အွန်လိုင်းနှင့် စျေးများအတွင်း အလှူခံကာ ငွေကြေးလိမ်လည်နေသူများကို ဥပဒေအရ တရားစွဲ အရေးယူမည်ဖြစ်ကြောင်း စခန်းတာဝန်ခံက ယနေ့ (မတ်လ ၂၅ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ လိမ်လည်သူများက စစ်ရှောင်များအတွက်ဟု ဆိုကာ မြဝတီမြို့ ဘုရင့်နောင်စျေးနှင့် လူမှုကွန်ယက် စာမျက်နှာတွင် ခေါင်းစဉ်တပ် အလှူခံခြင်းပြုလုပ်ခဲ့သော်လည်း စစ်ဘေးရှောင်စခန်းကို အမှန်တကယ် ဆက်သွယ်လှူဒါန်းမှုမရှိကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူက ပြောသည်။

“အရင် ရက်က ကျနော့် အသိဆီကနေ ပြန်သိရတာပါ။ ကျနော်က ကျနော့် အသိတစ်ယောက်နဲ့ စစ်ရှောင်စခန်းမှာ လိုအပ်နေတာတွေ အလှူခံရင်း အရင်တစ်ခေါက်က အွန်လိုင်းမှာ သူ့ဆီ အလှူခံသွားသေးတယ်ဆိုပြီး ပြန်သိရတာ။ နောက်ရက်ကျသူပဲ စခန်းအထိလာလှူသွားတယ်။ ဘုရင့်နောင်စျေးထဲက အမျိုးသမီးတွေကလည်း အကြောင်းကြားလာတယ် အလှူခံသွားတယ်ဆိုပြီး”ဟု ၎င်းက ပြောသည်။

ပွင့်လင်းအေးမြိုင်ကျေးရွာ၏ အနီးဝန်းကျင်ရှိ ကျေးရွာများနှင့် ကျောက်မိုင်း ၅ ခုခန့်မှ စစ်ရှောင်ပြည်သူ ၂၆၀ ခန့်မှာ ပွင့်လင်းအေးမြိုင် ဘုန်းတော်ကြီးကျောင်းတွင် စစ်ရှောင်အဖြစ် ခိုလှုံနေ ကြရသည်။

“ကျနော်တို့ စစ်ရှောင်စခန်းမှ တာဝန်ရှိသူများအနေဖြင့် မိတ်ဖက်ပရဟိတအသင်းဖြစ်သော အလင်းသစ် – အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှလွဲ၍  အခြားသော မည်သည့် အသင်းအဖွဲ့ကိုမှ စစ်ရှောင်ပြည်သူများအတွက် ကူညီရန် ငွေကြေးအလှူခံခြင်း၊ စားရိက္ခာအလှူခံခြင်းများ ခွင့်ပြုထားခြင်းမရှိပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဘေးရှောင်များအတွင် စားနပ်ရိက္ခာ၊ နေရေး၊ ထိုင်ရေး ကိစ္စများကို ကျောင်းထိုင်ဆရာတော် ဦးစီး၍ နယ်ခြားစောင့်တပ် တပ်နယ် ၃ မှ အရာရှိ၊ အရာခံများနှင့် မိတ်ဘက် အရပ်ဘက် လူမှုကူညီရေးအဖွဲ့များက တာဝန်ယူ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts