Homeသတင်းမော်လမြိုင် NLD ပါတီဥက္ကဋ္ဌ ‌ဒေါ်နွယ်နွယ်အောင် ကျန်းမာရေးအာမခံလျောက်ထား

မော်လမြိုင် NLD ပါတီဥက္ကဋ္ဌ ‌ဒေါ်နွယ်နွယ်အောင် ကျန်းမာရေးအာမခံလျောက်ထား

-

မွန်သတင်းအေဂျင်စီ (၂၀၂၂၊ မတ်လ ၂၃)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်သည် နှလုံးရောဂါကြောင့် ယမန်နေ့ (မတ်လ ၂၂)ရက်က  ကျန်းမာရေး အာမခံလျောက်ထားခဲ့ကြောင်း ၎င်း၏ ရှေ့နေထံမှ သိရသည်။ 

အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ဒေါ်နွယ်နွယ်အောင်သည် အကျဥ်းထောင်အတွင်း နှလုံးရောဂါခံစားနေရပြီး မတ်လ ၂၉ ရက်နေ့သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ကာ ယင်းနေ့တွင် အာမခံ ပေး၊ မပေး အမိန့်ချနိုင်ကြောင်း ရှေ့နေ ဦးမောင်ဆွေက ပြောသည်။

“ဒေါ်နွယ်နွယ်အောင် ဒီအပတ်ရုံးချိန်းမှာ အာမခံလျောက်ပါတယ်။ ၂၉ ရက်နေ့ အာမခံ ရ၊ မရ အမိန့်ချနိုင်တယ်။ ကျန်းမာရေးကတာ့ နှလုံးရောဂါကလွဲပြီး ကျန်တာကောင်းပါတယ်။ မိသားစုနဲ့ လည်းတွေ့ခွင့်ရတယ်။ ဒေါ်နွယ်နွယ်အောင်လို ပုဂ္ဂိုလ်မျိုးဖြစ်တာရယ်၊ သူ့ကို စွဲထားတဲ့ အမှုအသွားအလာ အရတော့ အာမခံမရဖို့ မဖြစ်နိုင်လောက်ဘူး”ဟု ၎င်းက ပြောသည်။

ဒေါ်နွယ်နွယ်အောင်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်က မော်လမြိုင်ဈေးကြိုရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးပြီးနောက် ဒေါ်နွယ်နွယ်အောင် အကြမ်းဖက်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့သည်၊ ပူးပေါင်းကူညီသည်ဟု စွပ်စွဲကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်သည်  မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်အောင်သည် ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts